chapter 236 (z)

931 79 0
                                    

လူသားသစ္စာ စာစဉ် (၁၇)
ဘာသာပြန်ဆိုသူ ..... ကြည်ဖြူ (ရိုးရာ)

အခန်း (၂၃၆) : ၁၀၈ ထစ်

ထောင်ယွမ်က တိုက်ပွဲအတွေ့အကြုံရှိ၍ ထိုတဂျစ်ဂျစ် အသံနောက်တွင် တစ်ခုခု လိုက်လာပြီ ဖြစ်ကြောင်း ခံစားမိလိုက်သည်။ ထို့ကြောင့် သူ့လက်ထဲမှ ကြာပွတ်ရှည်ကို ချိန်စုယင်ဆီ ယခင်ကထက် မြန်ဆန်စွာ ပို့ဆောင်လိုက်တော့သည်။

“ဘမ်း ဘမ်း ဘမ်း ဘမ်း ..” ထောင်ယွမ်ဘေးပတ်လည်တွင် လျှပ်စီးလေးချက် ဆက်တိုက်ပေါက်ကွဲသွားသောကြောင့် သူ့သဘာဝစွမ်းအားအလွှာကို တစစီဖြစ်သွားလေသည်။

“ဘမ်း ..” ချိန်စုယင် ဓားရှည်က ထောင်ယွမ် ကြာပွတ်ရှည်ကို တားဆီးလိုက်ပြီး ဓားမှ နောက်ထပ်အလင်းများ ထပ်ထွက်ပေါ်လာလေသည်။ ထိုသို့ ဓားမှ အချိန်မရွေး အလင်းများထုတ်လွင့်နိုင်ခြင်းသည်  ဓားသမားတစ်ဦး၏ အားသာချက်ဖြစ်လေ၏။

သူ့ခုခံကျင့်စဉ်က ချိန်စုယင်ကြောင့် ကျိုးပျက်သွားသည်နှင့် ထောင်ယွမ်က နောက်သာ ဆုတ်ချင်သွားတော့သည်။ ချိန်စုယင် ဓားအလင်းများက ပေါ့ပေါ့တန်တန် မဟုတ်ရာ သူ့ပုံရိပ် နောက်ဆုတ်သွားသည်နှင့် သူ့ကြာပွတ်ရှည်မှ စွမ်းအားများလည်း ကွယ်ပျက်သွားလေသည်။

ထောင်ယွမ် ပခုံးသို့ ဓားအလင်းများစွာ  ဖြတ်သွားပြီးနောက် ခဏအကြာတွင် အေးစက်စက်ဓားက သူ့လည်ပင်းဆီ ရောက်ရှိနေလေ၏။

ထောင်ယွမ် မျက်နှာက ဖြူဖျော့သွားလေသည်။ သူက ထိုအခြေအနေတွင် တစ်လက်မမှ မရွေ့လျားရဲချေ “စီနီယာချိန် ကျုပ်ရှုံးပါပြီ ... ”

သူမ လက်ကို တစ်ချက်ဝှေ့ကာ ချိန်စုယင်က ဓားကို သိမ်းလိုက်ပြီး ကျယ်လောင်စွာ ပြောလိုက်သည် “နယ်ခြားတိုက်ပွဲမှာ ရှင်ရဲ့ အကျိုးပြုထားတာတွေကြောင့်သာ မဟုတ်ရင် ကျွန်မဓားက ရှင့်လည်ပင်းကို ဖြတ်သွားလောက်ပြီ .... ”

“သက်ညှာပေးတဲ့အတွက် စီနီယာကို ကျေးဇူးတင်ပါတယ် ... ” ထောင်ယွမ် ဖြူဖျော့ဖျော့ မျက်နှာသည် ချက်ချင်းပင် ရဲတက်လာပြီး နောက်ဆုံးစကားတစ်ခွန်းပြောပြီး စင်ပေါ်မှ ဆင်းသွားတော့သည်။  သူက ချိန်စုယင်နှင့် ကျင့်ကြံဆင့်တူ ဖြစ်သော်လည်း သူက ရှုံးနိမ့်ခဲ့၍ သူမကို စီနီယာဟု ခေါ်ဆိုရခြင်း ဖြစ်လေသည်။

လူသားသစ်စာ MM Translation  (201 - 300 ) (Z + U)Where stories live. Discover now