အခန်း (၂၃၂)

1.2K 149 0
                                    

လူသားသစ္စာ စာစဉ် (၁၇)
ဘာသာပြန်ဆိုသူ ....  ကြည်ဖြူ (ရိုးရာ)

အခန်း (၂၃၂) : လောက အင်မော်တယ်အဆင့်

ယန်မြို့တော် အပြင်ဘက်တွင် ပျော်ပွဲရွှင်ပွဲများကား နေရာတိုင်း ကျင်းပနေလေသည်။ မြောက်များစွာသော ကျင့်ကြံသူများက ယင်သင်္ချိုင်း၌ အသတ်ခံလိုက်ရသော်လည်း  နယ်ခြား ကျင့်ကြံသူအားလုံးလည်း အသတ်ခံလိုက်ရလေသည်။ ထိုသည်က အောင်ပွဲခံသင့်သော အခါသမာယ ဖြစ်လေ၏။

ဂိုဏ်းအကြီးကြီးများ၏ ဂိုဏ်းချုပ်အချို့ကို ကျန်းမိုနယ်မြေ အဆင့်မြင့်ကျင့်ကြံသူများအတွက် ပွဲလုပ်ပေးသည့် အခမ်းအနားသို့ တက်ရောက်ရန် ဖိတ်ကြားထားလေသည်။ ကျင့်ကြံသူအများစုမှာလည်း ယန်မြို့တော် တဝှိက်တွင် စုစည်းနေကြသည်။

ယန်မြို့တော်၏ အင်မော်တယ် ကျောက်စိမ်းအိမ်တော်တွင် လူများဖြင့် စည်ကားလျက် ရှိလေသည်။ ထိုစဉ် အခြားသော ကျင့်ကြံသူများနှင့် ရန်ငြိုးရန်စ ရှိနေလျှင်ပင် အားလုံးက အတူတကွ ပျော်ရွင်စွာ ဆင်နွဲနေကြလေသည်။

မိုဝူကျီတို့ ငါးယောက်အဖွဲ့ ယန်မြို့တော်သို့ ရောက်လာသည့်အခါ ပျော်ပွဲရွှင်ပွဲများကို မြင်လိုက်ရ၍ အဖြစ်အပျက်ကို ကြောင်သွားကြလေသည်။

“စီနီယာ ခေါင်းဆောင် အစ်ကိုကြီး ဘာဖြစ်တာလဲ ..” စန်ယီပင်းက နားမလည်စွာ မေးလိုက်သည်။

“အရင်ကြည့်ကြည့်ကြတာပေါ့ …” မိုဝူကျီက ခေါင်းခါပြလိုက်ရင်း သူလည်း ဘာဖြစ်နေမှန်း မသိပေ။ သူ့တွက်ချက်မှုများအရ ဂိုဏ်းတစ်ရာ မဟာမိတ်အဖွဲ့သည် တိုက်ပွဲကို ရှုံးမည် ဖြစ်သော်လည်း သူ့အား အံ့ဩစေသည်က မဟာမိတ်အဖွဲ့က အပြတ်သတ် အနိုင်ရလာခြင်း ဖြစ်၏။

သူတို့က ယန်မြို့တော်အလယ်သို့ တိုးဝင်သွားလာကြလိုက်သည့်အခါ လူအုပ်များ၏ ဆွေးနွေးမှုများကို ကြားရင်း လက်ရှိအခြေအနေကို နားလည်သွားကြလေသည်။

ဂိုဏ်းတစ်ရာ မဟာမိတ်အဖွဲ့က ရှုံးခါနီး ဖြစ်ကာ ပျောက်ဆုံးနယ်မြေတစ်ခုလုံး နယ်ခြား ကျင့်ကြံသူတွေ လက်ထဲ ပါသွားဆဲဆဲတွင် ကျန်းမိုနယ်မြေမှ အဆင့်မြင့် ကျင့်ကြံသူများ ရောက်လာကြလေသည်။

လူသားသစ္စာ MM Translation  (201 - 300 ) (Z + U)Where stories live. Discover now