အခန်း (၂၇၁)

1.1K 159 0
                                    

လူသားသစ္စာ စာစဉ် (၂၀)
ဘာသာပြန်ဆိုသူ .... ကြည်ဖြူ (ရိုးရာ)

အခန်း (၂၇၁) : မီးတောင်အောက်ခြေ

နောက်ထပ် နှစ်နာရီအကြာတွင် သူတို့နှင့် ဆယ်မီတာကျော် ကွာဝေးသည့်နေရာ၌ မြေကြီးအက်ကွဲကြောင်း ပေါ်လာလေသည်။ အားလုံးက စိတ်စွမ်းအားများ အသုံးပြု၍ အက်ကွဲကြောင်းမှ လေ့လာလိုက်သည့်အခါ ထိုအက်ကွဲရာကား တောင်အောက်ခြေအထိ ရောက်ရှိနေမှန်း သိလိုက်ရသည်။

ဤသည်ကား ထိုအရာ အလုပ်လုပ်ပုံ ဖြစ်လေသည်။ မိုဝူကျီက ဤဖုံးကွယ်အစီအရင်ကို ဖယ်ရှားလိုက်သောကြောင့် စိုက်ပျိုးရေး အစီအရင်မှာ ရပ်တန့်သွားလေသည်။ ထိုအရာမှာ သူ့အစီအရင်တာအိုက အဆင့်မြင့်မားနေ၍ မဟုတ်ဘဲ ထိုအစီအရင်ကို ယခင်က မြင်ဖူး၍ ဖြစ်လေသည်။

အစပိုင်းတွင် သူက မြင်းစီးဓားပြများဖြစ်သည့် ဝူချောင်ဝူရွှောင်တို့နှင့် ရင်ဆိုင်ရစဉ်က ထိုသို့ အံ့အားသင့်စရာ ဖုံးကွယ်ရေး အစီအရင်ကို မြင်ဖူးလေသည်။ အကယ်၍ မြင်းစီးဓားပြသာ သူ့ကို အဝင်ဝအထိ မခေါ်သွားခဲ့ပါက နှစ်ရာချီသည်အထိ ရှာတွေ့မည် မဟုတ်လောက်ပေ။

“ မဟာမိတ်ခေါင်းဆောင်မို ... ကျုပ်တို့တွေ ဒီကနေ ဝင်သွားရင် ကျုပ်ဖို့ သေဖို့အခွင့်အရေးများတယ် .. ” ဖုန်းကျဲက တောင်မှ အက်ကွဲကြောင်းကို စိုးရိမ်စွာ ကြည့်ရင်း ပြောလိုက်သည်။

သို့သော် မိုဝူကျီက တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်  “ ကျုပ်တို့က နေရာတွေ့ပြီးပြီလေ။ အားလုံးက ကျုပ်နဲ့အတူ လိုက်ဝင်မလား နေခဲ့မလားဆိုတာတော့ ခင်ဗျားတို့ သဘောပဲ ... ”

စကားအဆုံးတွင် မိုဝူကျီက ထိုအက်ကြောင်းထဲ ပထမဆုံး ခုန်ဆင်းသွားလေသည်။ ပျောက်ဆုံးနယ်မြေ၏ နံပါတ်တစ် ဆေးလုံးဆရာက ဒုက္ခရောက်နေချိန်၌ သူက မဟာမိတ်ခေါင်းဆောင် ဖြစ်မနေလျှင်ပင် သူက သူမကို ကယ်တင်မည် ဖြစ်၏။ ထို့အပြင် သူတို့ကြားမှ မိတ်ဆွေဆက်ဆံရေးအပေါ်မူတည်ပြီး သူက ဖွားဖွားလင်းလောင်ကို ကူညီရမည်။

မိုဝူကျီ ဝင်သွားသည်ကို မြင်၍ ရှင်းဟွမ်လည်း တုံ့ဆိုင်းမနေဘဲ လိုက်ဝင်သွားတော့သည်။

လူသားသစ္စာ MM Translation  (201 - 300 ) (Z + U)Where stories live. Discover now