အခန်း (၂၅၆)

1.1K 187 1
                                    

လူသားသစ္စာ စာစဉ် (၁၉)
ဘာသာပြန်ဆိုသူ .... ကြည်ဖြူ (ရိုးရာ)

အခန်း (၂၅၆) : ညီလာခံ အစ

“လက်ရုံးရှင်း ...” မိုးကြိုးပစ်ထားသည့်နေရာဘေးတွင် ရပ်နေရင်း မိုဝူကျီက စိုးရိမ်စွာ ခေါ်လိုက်လေသည်။

“ကျုပ် အဆင်ပြေတယ် ...” ရှင်းဟွမ်၏ ဖျော့တော့တော့ အသံကို ကြားလိုက်ရသည်။ အသံက အလွန်အားနည်းနေသော်လည်း သူ့အသံတွင် ပျော်ရွှင်မှုနှင့် စိတ်လှုပ်ရှားမှုတို့ ပါဝင်နေကြောင်း မိုဝူကျီ ခံစားမိလိုက်သည်။

မိုဝူကျီ ကူညီပေးသည်ကိုပင် မစောင့်တော့ဘဲ ရှင်းဟွမ်က သူ့ကိုယ်သူ ထိုင်ပြီးနေလေပြီ ဖြစ်၏။ နောက်အခိုက်အတန့်တွင် သူက အံ့မခန်း ဝိညာဉ်စွမ်းအားပမာဏကို စုပ်ယူလိုက်လေသည်။ မိုဝူကျီက ရှင်းဟွမ်၏ ဒဏ်ရာများက ဖြည်းဖြည်းချင်း ပြန်ကောင်းလာပြီး သူ့ဝန်းကျင်တွင် ဝိညာဉ်စွမ်းအားများ လွှမ်းခြုံနေသည်ကို တွေ့လိုက်ရလေသည်။

မိုဝူကျီက ရှင်းဟွမ်ကို သွား၍ မနှောင့်ယှက်တော့ဘဲ မြူရေကန်အတွင်းသို့ ပြန်မသွားခင် ဂိုဏ်းကာကွယ်ရေး အစီအရင်ကိုသာ အသက်ပြန်သွင်းလိုက်လေ၏။ သူက ထိုနေရာကို ကျင့်ကြံဖို့ သွားမည် မဟုတ်ဘဲ ဝိညာဉ်စွမ်းအား ပိတ်လှောင်ခြင်း အစီအရင်ကို သွား၍ ပိတ်ရန် ဖြစ်၏။ သို့သော်လည်း တျန်းဂျီဂိုဏ်းသားတွေ ဆက်လက်ကျင့်ကြံနိုင်ရန် သူက ပင်မ ဝိညာဉ်စွမ်းအား ပိတ်လှောင်ခြင်း အစီအရင်ဘေးတွင် ဝိညာဉ်စွမ်းအား ပို့လွှတ်ရေးအစီအရင် ထားပေးထား၏။ သူက တျန်းဂျီတောင်မှ ဝိညာဉ်စွမ်းအားများကို တခြားတောင်များဆီ ပေးပို့နိုင်မည် ဖြစ်၏။ သူတို့၏ ဝိညာဉ်စွမ်းအားများကိုမူ ယာယီ ပိတ်လှောင်ထားလေသည်။

တျန်းဂျီဂိုဏ်းက အားနည်းနေဆဲဖြစ်သောကြောင့် သူက ကြောက်မက်ဖွယ် ဝိညာဉ်စွမ်းအားများအကြောင်းကို လူသိခံ၍ မဖြစ်သေးပေ။

ဒြပ်ငါးမျိုး ကင်းမဲ့နယ်မြို့သည် ကင်းမဲ့နယ်အပြင်ဘက်တွင် တည်ရှိလေ၏။

နဂိုက လေးထောင့်သဏ္ဍာန်ရှိသော အရောင်းအဝယ် ဖောက်ကားရာ ဟင်းလင်းပြင် ဖြစ်၏။ ထိုနေရာက ဈေးအကြီးကြီးနှင့် ပိုမိုတူကာ ပတ်ဝန်းကျင်နေရာများကား ဂိုဏ်းအကြီးကြီးများ၏ ပိုင်နက် ဖြစ်ကြလေသည်။

လူသားသစ္စာ MM Translation  (201 - 300 ) (Z + U)Where stories live. Discover now