chapter 229 (z)

993 81 0
                                    

လူသားသစ္စာ စာစဉ် (၁၇)
ဘာသာပြန်ဆိုသူ ....  ကြည်ဖြူ (ရိုးရာ)

အခန်း (၂၂၉) : အပြည့်အဝ သုတ်သင်ခြင်း/ ပျက်သုန်းခြင်း

“ဒီလူက ကောင်းကင်ဖွေရှာနန်းတော်ရဲ့ ပထမဂိုဏ်းချုပ် ပိုင်စုတင်းလား ... ” ဂါဘာ၏ မျက်နှာက သူပြောလိုက်သည့် စကားအပေါ်တွင် နည်းနည်း နောင်တရမိသွားလေသည်။ ထိုစကားတစ်ခွန်းဖြင့် တစ်ဖက်ရန်သူ၏ စိတ်ဓာတ်က မြင့်တက်သွားသေး၏။ သူက တစ်ဖက်လူ၏ စိတ်ဓာတ်ပျက်ပြားသွားစေမည့် စကားမျိုး ပြောဖို့ လိုအပ်လေသည်။

တစ်ဖက်ရန်သူ၏ စိတ်ဓာတ်ကျဆင်းသွားပါက သူတို့သည် တိုက်ပွဲကို ချက်ချင်း စတင်မည် ဖြစ်၏။ မဟုတ်လျှင် မျှော်လွှင့်ကြယ်ဘက်က ဆုံးရှုံးမှု များပြားသွားလိမ့်မည်။

သူမ မျက်နှာတဝှက်တွင် ပဝါလွှားထားသော အမျိုးသမီးတစ်ဦးက နှစ်ဖက်ကြားတွင် လေထဲ၌ ရပ်နေလေသည်။ တစ်ယောက်မှ သူမ သွင်ပြင်ကို မမြင်ရသော်လည်း သေးသွယ်သိမ့်မွေ့သော သွင်ပြင်အရ သူမသည် သေချာပေါက် စွဲမက်ဖွယ် အမျိုးသမီး တစ်ဦးဖြစ်ကြောင်း ထင်ရှား၏။ သူမက ဂါဘာစကားများကို လုံးဝလျစ်လျုရှူထားပြီး ဂိုဏ်းတစ်ရာ မဟာမိတ်ဘက်သို့ လှည့်ကာ ရှင်းလင်းပြတ်သားလှသည့် အသံဖြင့် ပြောလိုက်လေသည် “ဒီနယ်ခြားကျင့်ကြံသူ အလကားဟာတွေက ငါတို့နယ်မြေကို လာရောက်ကျုးကျော်ကြတယ်။ ငါတို့ ပျောက်ဆုံးနယ်မြေက ကျင့်ကြံသူတွေက ဘယ်လိုတုံ့ပြန်ကြမလဲ ... ”

“သတ်ပစ်ကြမယ် ..” မရေတွက်နိုင်သည့် အသံများက ထွက်ပေါ်လာလေသည်။

“ဒီလူဖျင်းတွေက ငါတို့ရဲ့ ညီအစ်ကိုတွေ၊ မောင်နှမတွေကို သတ်ဖြတ်ပစ်ကြတယ်။ အခု ငါတို့ကို ဒူးထောက်စေချင်နေတယ်။ ငါတို့ ပျောက်ဆုံးနယ်မြေဘက်က ကျင့်ကြံသူတွေက ဘယ်လိုတုံ့ပြန်ကြမလဲ ... ”

“သတ်ပစ်မယ် ...” ရဲရဲရင့်ရင့် အသံများက လေဟုန်ခွင်း၍ ထွက်ပေါ်လာလေသည်။

အတည်ငြိမ်ဆုံးသော ကျင့်ကြံသူများပင် သတ်ဖြတ်စိတ်ဓာတ်များ တက်ကြွနေသည့် အချိန်တွင် သူတို့သွေးများပင် ပွက်ပွက်ဆူလာလေကြသည်။ ရှေ့ထွက်ပြီး ထိုနယ်ခြား ကျင့်ကြံသူများကို သတ်ဖြတ်ပစ်ဖို့ရာ မစောင့်နိုင်ကြတော့ပေ။

လူသားသစ်စာ MM Translation  (201 - 300 ) (Z + U)Where stories live. Discover now