chapter 280 (z)

925 90 2
                                    

လူသားသစ္စာ စာစဉ် (၂၁)
ဘာသာပြန်ဆိုသူ .... ကြည်ဖြူ (ရိုးရာ)

အခန်း (၂၈၀) : သာမာန်လူငယ်လေး

မိန်းမငယ်လေးက ဖန်းချီနှင့် အခြားလူများကို မေးခွန်းထုတ်ဖို့ရန်ပင် မေ့လျော့သွားပြီး ပျောက်ဆုံးရွံ့နွံ့ထဲမှ ကုန်းထွက်လာသော  ရွံ့လူသားကို သေချာစိုက်ကြည့်နေမိသည်။ အခြားလူများလည်း အတူတူပင် ဖြစ်ကြပြီး ပျောက်ဆုံးရွံ့နွံ့တောစပ်မှ ရွံ့လူသားကို ကြည့်နေကြလေသည်။

လများစွာ ဒုက္ခခံပြီးသည့်နောက်တွင် မိုဝူကျီက နောက်ဆုံး၌ ရွံ့နွံ့တောမှ ထွက်လာနိုင်ခဲ့သည်။ ထိုစဉ် သူက ရွံ့နွံတောစပ်တွင် ရပ်နေရင်း သူ့ရှေ့မှ ကုန်းမြေကို ကြည့်လိုက်ပြီး လက်သီးလက်မောင်း တန်းလျက် အောင်ပွဲခံလိုက်သည်။ လူသားတစ်ယောက်အတွက် ရွံ့နွံတောကို ကူးခတ်၍ အသက်ရှင်လျက် ထွက်လာနိုင်သည်မှာ မည်သို့ ဖြစ်နိုင်မည်နည်း။

သို့သော် မိုဝူကျီက လုပ်ဆောင်နိုင်ခဲ့လေသည်။

အကယ်၍ သူ့တွင် ပညာရှင်နှလုံးသားနှင့် ပြောင်းပြန်လှည့်ပတ်ခြင်း ကျင့်စဉ်သာ မပိုင်ဆိုင်ထားပါက မိုဝူကျီ အယောက် တစ်သောင်းရှိလျှင်ပင် ဝါးမျိုခံရမည် ဖြစ်သည်။ ရွံ့နွံတောထဲတွင် နေလာသည့် နှစ်ဝက်ခန့်အတွင်း သူ့ကို အမည်မသိ သားရဲများ ဆွဲချခံရခြင်း သို့မဟုတ် အားပြင်းသော ဝဲကတော့အတွင်း စုပ်ယူခံရခြင်းတို့မှာ တစ်ကြိမ်တစ်ခါမျှ မကပေ။

ထိုအတားအဆီးများအတွက် သူက ပညာရှင်နှလုံးသားနှင့် ပြောင်းပြန်လှည့်ပတ်ခြင်း ကျင့်စဉ်ကို လွတ်မြောက်ဖို့ရာ အသုံးပြုခဲ့ရသည်။ ရွေ့လျားနေရင်း သူက ပြောင်းပြန်လှည့်ပတ်ခြင်း ကျင့်စဉ်ကို အမြဲလှည့်ပတ်နေရပြီး ဝဲကတော့များ၏ ဆွဲစုပ်ယူခြင်းမခံရလေအောင် ကာကွယ်ရသည်။ ပညာရှင်နှလုံးသားက သူ့ကို လာရောက်ရစ်ပတ်သည့် အမည်မသိအရာ အားလုံးကို ပြာအဖြစ် လောင်ကျွမ်းသွားစေသည်။

ထိုအရာများက ကြောက်စရာအကောင်းဆုံး မဟုတ်သေးပေ။ ရွံ့နွံ့ထဲရှိ ကြောက်စရာအကောင်းဆုံးအရာမှာ ရေနေပိုးကောင်များ၊ မြွေတူ ပိုးကောင်တူ ပျော့စိစိ အကောင် များ ဖြစ်သည်။ သူတို့က မင်းခန္ဓာအပေါ် တွားသွားနေရင်း ကူးခတ်နေရသည်က ရွံ့စရာအကောင်းဆုံး ကိစ္စရပ် ဖြစ်လေသည်။

လူသားသစ်စာ MM Translation  (201 - 300 ) (Z + U)Where stories live. Discover now