chapter 273 (z)

856 85 2
                                    

လူသားသစ္စာ စာစဉ် (၂၀)
ဘာသာပြန်ဆိုသူ .... ကြည်ဖြူ (ရိုးရာ)

အခန်း (၂၇၃) : လောဘစိတ်

ရှင်းဟွမ်က ကတိပေးလိုက်လေ၏  “ ဂိုဏ်းချုပ် စိတ်ချနေပါ။ ကျုပ်က တျန်းဂျီဂိုဏ်းကို သေချာစောင့်ရှောက်ပေးပါ့မယ်။ တကယ်လို့ ကျုပ် ထွက်သွားရင်တောင် တျန်းဂျီဂိုဏ်းမှာ အနည်းဆုံး ဖြစ်တည်ခြင်းမဲ့ နတ်ဘုရားအဆင့် ကျင့်ကြံသူ နှစ်ယောက်ရှိမှ ထွက်သွားပါ့မယ် ... ”

ထိုသို့ပြောပြီး ရှင်းဟွမ်က  လက်ကို ဝှေ့ယမ်းလိုက်သည့်အခါ သေသပ်စွာ ထိုးထွင်းထားသည့် ငွေသင်္ဘောပျံက မိုဝူကျီ ရှေ့တွင် ပေါ်လာလေသည်  “  ဂိုဏ်းချုပ် ဒါက ကျုပ် အဂုဏ်ယူရဆုံး လက်ရာလေးပါ။ ဒါက အဆင့်မြင့် ဝိညာဉ်ပစ္စည်းဆိုတော့ ဂိုဏ်းချုပ် ကျန်းမိုနယ်မြေကို သွားတဲ့အခါ သာမာန်သင်္ဘောပျံနဲ့ အလုပ်ဖြစ်မှာ မဟုတ်ဘူး။ အဲဒါကြောင့် ဒီသင်္ဘောပျံလေးကို ဂိုဏ်းချုပ်ကို ပေးပါ့ရစေ ... ”

မိုဝူကျီနှင့် ရှင်းဟွမ်က သူတို့ဆက်ဆံရေးကို တစ်ယောက်နှင့် တစ်ယောက် အကျိုးပြုမှုပေါ် မူတည်၍ ဖြစ်လာသော်လည်း အချိန်ကြာလာသည်အခါ မိတ်ဆွေများ ဖြစ်လာကြသည်။ ယခုအခါ ရှင်းဟွမ်က သူ့အကောင်းဆုံးနှင့် ဂုဏ်အယူရဆုံးပစ္စည်းကို မိုဝူကျီဆီ ပေးနေလေသည်။ မိုဝူကျီက ရှင်းဟွမ်ကို မြန်မြန် တားလိုက်ရ၏
“ လက်ရုံးရှင်း  .... ကျုပ်ဆီမှာလည်း ကျန်းမိုနယ်မြေဆီက စစ်မှန်ခြင်း နတ်ဘုရားအဆင့် ကျင့်ကြံသူတွေဆီက လက်စွပ်တွေ အများကြီး ရှိပါတယ်ဗျာ။  ကျုပ်ဆီမှာ ပျံသန်းရေး ရတနာမလိုပါဘူးဗျာ ... ”

ယခုမှ ရှင်းဟွမ်က တွေးမိသောအခါ မှန်နေပေသည်။ လောကအင်မော်တယ်အဆင့် ဂူချီ  ဒြပ်ငါးမျိုး ကင်းမဲ့နယ်မြို့သို့ ရောက်လာစဉ်က သူသည် စစ်မှန်ခြင်း နတ်ဘုရားအဆင့် ကျင့်ကြံသူ တချို့ကို ခေါ်ဆောင်လာသေးသည်။ အားအကောင်းဆုံးမှာ စစ်မှန်ခြင်း နတ်ဘုရားအဆင့် ၉ ဖြစ်၏။ သူက တွေးမိသောအခါ မိုဝူကျီကို စိတ်ထဲမှ ပိုမို လေးစားလာမိသည်။ သူက မိုဝူကျီ နောက်ကွယ်မှ စစ်မှန်ခြင်း နတ်ဘုရားအဆင့် ကျင့်ကြံသူများကို ပုရွက်ဆိတ်သဖွယ် သတ်သွားသည့် အဆင့်မြင့် ကျင့်ကြံသူကို ကိုယ်တိုင် မမြင်လိုက်ရသော်လည်း ဖုန်းကျန့်ချိုးနှင့် အခြားလူများဆီမှ တဆင့်ပြန်ကြားထားလေသည်။

လူသားသစ်စာ MM Translation  (201 - 300 ) (Z + U)Where stories live. Discover now