အခန်း (၂၂၄) (End of Book 16 )

1.3K 148 0
                                    


အခန်း (၂၂၄) : မိမိကိုယ့်ကို လှည့်စားခြင်း

သူတို့က တစ်ယောက်နှင့် တစ်ယောက် ကြည့်လိုက်ကြသည်။ စန်ယီပင်း၊ နှဲ့ကျန်းနွန်နှင့် ကျောင်းယန်တို့မှာ ထိုမျှ ဗဟုသုတမများကြပေ။ ထို့ကြောင့် သူတို့က များစွာ မတွေးမိကြချေ။ ဖူချန်းကား ကိစ္စများကို လေးလေးနက်နက် တွေးတောကြည့်ဖို့ပင် ပျင်းနေသူ ဖြစ်၏။ သို့သော် မိုဝူကျီက ပြဿနာ အပေါ်ယံ ပြောပြလိုက်သည့်အခါ သူတို့အားလုံးက မမြင်နိုင်သည့် ပြဿနာများစွာ ရှိသေးကြောင်း သိလိုက်သည်။

"အဲဆိုရင် စီနီယာခေါင်းဆောင် အစ်ကိုကြီး ပစ္စည်းတွေကို ထားခဲ့မှာလား... " နောက်ဆုံးတွင် စန်ယီပင်းက မိုဝူကျီသည် ပစ္စည်းများ ထားခဲ့သည့် အကြောင်းအရင်းကို နားလည်သွားလေသည်။

"ဖြစ်နိုင်တာ ကောင်းကင်ဂိုဏ်းချုပ်က စေတနာကောင်းပြီးတော့ အင်မော်တယ် အမွေအနှစ်အကြောင်း သတင်း ဖြန့်လိုက်တာလား " ကျောင်းယန်က မေးလိုက်သည်။

"မဖြစ်နိုင်ဘူး။ ကောင်းကင်ဂိုဏ်းချုပ်က အဲလောက် စေတနာကောင်းတဲ့သူ မဟုတ်ဘူး။ သိတဲ့အတိုင်း သူက ကမ္ဘာတစ်လွှားက ရတနာတွေ အကုန်လိုက်စုဆောင်းနေတာလေ။ စီနီယာခေါင်းဆောင် အစ်ကိုကြီးက လက်စွပ်ကို ပြန်ထားလိုက်လို့ တကယ်လို့ ဖွင့်ကြည့်ရင် ရတနာတွေ ပါရင် ပါနေမှာ .... " စန်ယီပင်းက ထပ်ပြောလိုက်လေသည်။

မိုဝူကျီက အားရပါးရ ပြုံးကာ ပြန်ဖြေလိုက်သည် "လက်စွပ်ကို သေချာပေါက် ယူသွားမှာပါ။ ဒါပေမဲ့ အဲဒါမလုပ်ခင် အရင်ဖြေရှင်းစရာတွေ ရှိသေးတယ်။ နောက်တစ်ခုက ဒီနေရာမှာရှိနေတဲ့ ဝိညာဉ်စွမ်းအားတွေက အတော်လေး သိပ်သည်းနေပေမဲ့ စွမ်းအားစုစည်းခြင်း အစီအရင် အရာမျိုးကို မတွေ့မိဘူး။ ဖြစ်နိုင်တာက ဝိညာဉ်သွေးကြောများ ရှိနေမလားပဲ .. "

"ဝိညာဉ်သွေးကြောလား ..." တချို့က ဆက်တိုက်ဆိုသလို အံ့ဩသွားကြသည်။

မိုဝူကျီက ခေါင်းကို ညိတ်ကာ သူ့စိတ်စွမ်းအားဖြင့် စစ်ဆေးကြည့်လိုက်သည့်အခါ ကျင်းကုမူ လဲလျောင်းနေသည့် နေရာမှာ ဝိညာဉ်စွမ်းအား အသိပ်သည်းဆုံး ဖြစ်ကြောင်း သိလိုက်သည်။ အကယ်၍ သူတို့သာ ဝိညာဉ်သွေးကြော အရင်းအမြစ်ကို စစ်ဆေးလိုပါက ကျင်းကူမူ၏ အလောင်းကို ဖယ်ရှားရန် လိုအပ်လေသည်။ သို့သော် ကျင်းကုမူ၏ သေတမ်းစာထဲတွင် သူက သူ့ခန္ဓာကိုယ်ကို မရွေ့ရန် မှာကြားထား၏။

လူသားသစ္စာ MM Translation  (201 - 300 ) (Z + U)Where stories live. Discover now