အခန်း (၂၀၄)

1.5K 152 0
                                    


အခန်း (၂၀၄) : စစ်ထူချင်၏ ဂုဏ်ပြုညစာစားပွဲ

မိုဝူကျီက လက်ကို မြောက်ကာ လျှပ်တစ်ပြက် လျှပ်စီးဆယ်ချက်ကို ပစ်လွှတ်လိုက်တော့သည်။ လျှပ်စီးအားများက ဝန်းရံထားသည့် စစ်သားများကို သွားမှန်သည့်အခါ အသက်ရှင်ဖို့ရာ အခွင့်အရေးပင် မရှိတော့ချေ။

"အင်မော်တယ် ဆရာပဲ .. ဒါက အဆင့်မြင့် အင်မော်တယ်ဆရာပဲ .." ရှေ့မှ စစ်သားများက စတင်၍ တုန်လှုပ်လာကာ ဝန်းရံထားသည့်  ပုံစံမှာလည်း အစီအစဉ်မကျ ဖြစ်လာကာ တချို့စစ်သားများက နောက်ပြန်ဆုတ်သွားကြသည်။

ဂျူဟွေ့က မိုဝူကျီ၏ လှုပ်ရှားမှုကို မြင်လိုက်ရသည့်အတွက် ခြေဖျားလက်ဖျားများပင် အေးစက်သွားလေသည်။ သူက သေမင်း ရောက်လာမှန်း သိလိုက်တော့သည်။ သိပ်မကြာသေးခင်က သူသည် စစ်ထူချင်၏ ဂုဏ်ပြုညစာ စားပွဲကို ဖိတ်ကြားခံခဲ့ရသည်။ သူတို့ဆက်ဆံရေး ရင်းနှီးစေရန် စစ်ထူချင်က ဂျူဟွေ့ကို ကောင်းကောင်းဆက်ဆံလေသည်။ အကြောင်းမှာ ဂျုမျိုးနွယ်မှ ကောင်းကင်ဖွေရှာနန်းတော် အတွင်းစည်းတပည့် ဂျူချီဂျန်းကို မွေးထုတ်ပေးထားနိုင်၍ ဖြစ်သည်။

အကြောင်းမှာ ဂျူချီဂျန်းကြောင့် ဖြစ်ပြီး ဂျူဟွေ့က စစ်ထူချင်ဆီမှ မိုမျိုးနွယ်စုမှ အသက်ရှင်လျက် ရှိနေသေးသည့် မိုဝူကျီ ရှိနေသေးကြောင်း သိလိုက်ရသည်။ ဤမိုဝူကျီသည် ကံကောင်း၍ ကောင်းကင်ဖွေရှာနန်းတော် အပြင်စည်းတပည့်ပင် ဖြစ်သွားသေး၏။

သူ့ရှေ့မှ လျှပ်စီးများ ဆက်တိုက်ပစ်လွှတ်နေသည့် လူကို မြင်၍ ထိုသည်က မိုမျိုးနွယ်စု၏ လက်ကျန် မိုဝူကျီ ဖြစ်ကြောင်း သေချာသွားလေသည်။

"မြောက်ဖက်ပိုင်း စီရင်စုက ရဲရင့်သူတို့ သူ့ကို ကြောက်စရာ မလိုပါဘူး။ ကျုပ်တို့ ဂျုမျိုးနွယ်စုလည်း အင်မော်တယ် ဆရာတစ်ယောက်ရှိပါတယ် ... " ဂျူဟွေ့က အသံဩဩဖြင့် အော်ပြောလိုက်သည်။ သူက သူ့စစ်တပ်ကို ထိန်းချုပ်ချင်သည်။ မိုဝူကျီက မည်မျှပင် သန်မာစေကာမူ သူက ထောင်ချီစစ်သားဦးရေဖြင့် ခဏတာ ပိတ်ထားလို့ ရလိမ့်မည်။ ထိုအချိန်အတွင်း သူက ထွက်ပြေးချိန် ရနိုင်လိမ့်မည်။

လူသားသစ္စာ MM Translation  (201 - 300 ) (Z + U)Where stories live. Discover now