အခန်း (၂၈၁)

1.1K 154 0
                                    

လူသားသစ္စာ စာစဉ် (၂၁)
ဘာသာပြန်ဆိုသူ .... ကြည်ဖြူ (ရိုးရာ)

အခန်း (၂၈၁) : ရိုးရှင်းသော အမျိုးသမီး မဟုတ်ပေ

“ ကျန်းမိုနယ်မြေနဲ့ ဘယ်လောက် ဝေးသေးလဲဗျ။ ပြီး‌တော့ ကျုပ် ဘယ်လိုသွားရမလဲ ... ”  မိုဝူကျီက ထိုသူများသည် ကျန်းမိုနယ်မြေမှ ဖြစ်ကြောင်း ခန့်မှန်း မိလိုက်သည်။

မိန်းမလှလေးက နူးညံ့စွာ ပြောလိုက်သည်

“ ရှင်က ကျန်းမိုနယ်မြေကို ဘေးအကင်းဆုံးလမ်းကနေ သွားချင်လား ဒါမှမဟုတ် အန္တရာယ်များတဲ့ လမ်းကနေ ဖြတ်သွားချင်လား ... ”

မိုဝူကျီက လူလတ်အမျိုးသားနှင့် မိန်းမလှလေးတို့သည် သူ့ထက် ကျင့်ကြံဆင့် မြင့်မားကြောင်း သိသော်လည်း  စိတ်ထဲ မထားပေ။ အကြောင်းမှာ သူတို့က ဖြစ်တည်ခြင်းမဲ့ နတ်ဘုရားအဆင့် မျှသာ ဖြစ်လေ၏။ သူက ဖြစ်တည်ခြင်းမဲ့ နတ်ဘုရားအဆင့် ကျင့်ကြံသူများကို မြင်ဖူး၍ ထိုသူများတွင် မကောင်းသည့် ရည်ရွယ်ချက် မရှိကြောင်း ပြောနိုင်သည်။

သူတို့တွင် အကြံဆိုးများ ရှိနေလျှင်ပင် သူက ပျောက်ဆုံးရွံနွံတောမှ တဆင့် အလွယ်တကူ လွတ်မြောက်နိုင်ပေလိမ့်မည်။ သူက ရွံ့နွံ့ထဲတွင် နှစ်ဝက်ကြာ ကျင့်ကြံခဲ့ရသည့်အတွက်  ပြန်ရောက်သွားလျှင်ပင် သူက ရေထဲမှ ငါးကဲ့သို့ ဖြစ်ပေလိမ့်မည်။ သူသာ သေချာပြင်ဆင်ထားပါက ဖြစ်တည်ခြင်းမဲ့ နတ်ဘုရားအဆင့် ကျင့်ကြံသူပင် သူ့အား လိုက်ဖမ်းနိုင်မည် မဟုတ်ပေ။

သူ့မေးခွန်းအပြီးတွင် မိန်းမလှလေး၏ တုံ့ပြန်မှုကြောင့် သတိနိုးကြားသွားလေသည်။ မိန်းမလှလေးက သူ့ဆီမှ ဘေးအကင်းဆုံးလမ်းကို မေးရန် စောင့်နေခြင်း ဖြစ်ရမည်။ သူမသာ လမ်းကြောင်းကို ပြောပြချင်ပါက တိုက်ရိုက်ပြောပြပေးမည် ဖြစ်ပြီး ထိုသို့တုံ့ပြန်မှုမျိုး ပေးမည် မဟုတ်ပေ။ သူမက တစ်ခုခု ကြံစည်နေခြင်းသာ ဖြစ်ရမည်။

မိုဝူကျီက မိန်းမလှလေးကို မျက်လုံးဝေ့ကြည့်လိုက်သည့်အခါ သူမမှာ အမှန်ပင် လှပကြောင်း သိလိုက်ရသည်။ သူမခန္ဓာသွင်ပြင်မှာ အချိုးအစားကျလှပြီး သူမ အဝတ်အစားဖြင့် ဖုံးကွယ်ထားသော်လည်း မသိမသာ ကောက်ကြောင်းက သူမကို ပို၍ ဆွဲဆောင်မှု ရှိသွားစေသည်။ သူမ ဆံပင်ရှည်ကို သေသပ်စွာ စီးနှောင်ထားပြီး သူမ လည်ပင်းမှာ ငန်းဖြူလေးကဲ့သို့ တင့်တယ်လှပေသည်။ သူမ အသားရည်မှာလည်း ခရစ်စတယ် ကျောက်လေးကဲ့သို့ ကြည်လင်နေသည်။ သူမတွင် တက်ကြွသော မျက်ဝန်းအစုံရှိသော်လည်း လေးနက်လှသည့် အမူအယာအောက်တွင် ထိုမျက်ဝန်းများက မှေးမှိန်သွားလေသည်။

လူသားသစ္စာ MM Translation  (201 - 300 ) (Z + U)Where stories live. Discover now