အခန်း (၂၀၆)

1.4K 165 0
                                    


အခန်း (၂၀၆)  :  လူသားအဆင့်လွန်ဆုံး နှင့် ယွမ်ဒန်အဆင့် ယှဉ်ပြိုင်မှု

"ဒီဟာကို ပျောက်ကွယ်ဓားလို့ ခေါ်တယ်လို့ ကြားဖူးတယ်။ ကျုပ်က အခွင့်တိုက်ဆိုင်ပြီးတော့ အမွေရထားတာလေ။ ပျင်းပျင်းနဲ့ ဆော့ကြည့်ဖို့ ဆုံးဖြတ်လိုက်တာ ... "  မိုဝူကျီက ပြန်ဖြေလိုက်ပြီးနောက် သူ့ထျန်းဂျီတုတ်ကို ဝှေ့ယမ်းကာ ကောင်းကင်တခွင်အထိ  သဘာဝစွမ်းအားများ ထုတ်လွှင့်လိုက်ပြီး ဂျူချီဂျန်းဆီ ချီတက်သွားတော့သည်။

ထိုစဉ် ဂျူချီဂျန်းက အဘယ်ကြောင့် မိုဝူကျီ ဓားလျို့ဝှက်ပညာရပ်ကို ဂရုစိုက်နေတော့မည်နည်း။ သူ့ဓားရှည်ကို  လှည့်လိုက်ပြီး သူ့တစ်ကိုယ်လုံးကား ကောင်းကင်မှ ဆင်းသက်လာသည့်အလား သူ့ဓားက မိုဝူကျီကို ချိန်ရွယ်ထားလေသည်။

ဓားဖြင့် ကျင့်ကြံရသည့် အကြောင်းအရင်းမှာ လူကြိုက်များရုံသာမက နောက်တစ်ချက်မှာ ဓားသည် သိမ်မွေ့ကာ ပေါ့ပါးဖြတ်လတ်လှ၏။ ဓားပညာကို ထုတ်လွှင့်လိုက်သည့်အခါ အကြီးကျယ်ဆုံး မှော်ရတနာများထက်ပင် တစ်ပန်းသာ သွားနိုင်လေသည်။

ဓားအလင်း၊ ဓားမျက်နှာပြင်၊ ဓားမိုး သို့မဟုတ် ဓားစွမ်းအား အစရှိသဖြင့် ရှိကြပြီး လူတချို့သာ ဓားဖြင့် ရန်သူကို ခုတ်ဖို့ သုံးလေသည်။

မိုဝူကျီက ဓားသုံးသော ကျင့်ကြံသူအများအပြားကို ကြုံတွေ့ပြီးပြီ ဖြစ်ရာ ဓားပုံစံအမျိုးမျိုးနှင့် အတွေ့အကြုံရှိလေသည်။ သို့သော်လည်း  ဓားကို ပုဆိန်ကဲ့သို့ အသုံးပြုပြီး ရန်သူကို ခုတ်ဖို့ အသုံးပြုသော ကျင့်ကြံသူများကို အနည်းငယ်သာ ကြုံဖူးသည်။ အသာလွန်ဆုံး ရတနာများတွင် အားအကောင်းဆုံးစွမ်းအားများ ရှိကြသည်။

မိုဝူကျီက ပို၍ လေးနက်လာလေသည်။

"ဒေါင် .." ဂျူချီဂျန်း ဓားရှည်က လေထုကို ခွင်း၍  အသက်ဝင်နေသော ဓားပုံရိပ်များ ဖြစ်ပေါ်လာစေသည်။

ဓားပုံရိပ်များက မိုဝူကျီ၏ ထျန်းဂျီတုတ်နှင့် တွေ့သည့်အခါ ကောင်းကင်တခွင်  ဖုံးလွှမ်းသွားနိုင်သည့်  ဓားအလင်းများ ဖြစ်ပေါ်လာလေသည်။

လူသားသစ္စာ MM Translation  (201 - 300 ) (Z + U)Where stories live. Discover now