အခန်း (၂၂၈)

1.2K 154 0
                                    

လူသားသစ္စာ စာစဉ် (၁၇)
ဘာသာပြန်ဆိုသူ ...  ကြည်ဖြူ (ရိုးရာ)

အခန်း (၂၂၈) : ငါတို့တွေ တိုက်ပွဲဖြစ်နေတာ၊ အဓိပ္ပါယ်မရှိတာတွေ ရပ်လိုက်စမ်း

ဤအရာက ကျင့်ကြံခြင်းနှင့် နည်းပညာပေါင်းစပ်ထားခြင်း ဖြစ်သည်။ မိုဝူကျီက သေချာကြည့်လိုက်သည့်အခါ သင်္ဘောပေါ်တွင် တပ်ဆင်ထားသည့် စစ်အမြောက်များကို တွေ့လိုက်ရလေသည်။  သူတို့ကို အမြောက်အိမ်ပေါ်တွင် တပ်ဆင်ထားခြင်း မဟုတ်ရုံသာ ဖြစ်၏။

စစ်အမြောက်များအပြင် သင်္ဘောပေါ်တွင် အမျိုးမျိုးသော အသေးစိတ်စီမံချက်များနှင့် စာအုပ်များလည်း ရှိနေသည်။

မိုဝူကျီက စိတ်စွမ်းအားဖြင့် စစ်ဆေးကြည့်လိုက်သည့်အခါ ထိုမြေပုံများသည် သင်္ဘော၏ လုပ်ဆောင်ချက် ပုံကြမ်း ဖြစ်နေလေသည်။

မပြီးဆုံးသေးသည့် အင်မော်တယ် သင်္ဘောပျံ၊ အလျား ၆၄၀ မီတာ၊ အကျယ် ၂၃၀ မီတာ ...ရောင်ခြည် အမြောက် ဆယ်ခု၊  နေရာခွင်း အမြောက် ဆယ်ခု၊ သဘာဝငါးမျိုး အမြောက် သုံးခု၊ အမျိုးဖြုတ် အမြောက် ငါးခု တို့ ပါရှိရန် ကြံရွယ်ထား၏။

သင်္ဘောဦးထိပ်ပိုင်းနှင့် ကိုယ်ထည်ပိုင်းကို နတ်ဘုရားရွှေနေကြာ သတ္တုနှင့် ပြုလုပ်ထား၍ ဟင်းလင်းပြင်ကို ဖြတ်၍ ရွက်လွှင့်နိုင်လေသည်။ ရောင်ခြည်အမြောက်တွင် လိုအပ်သော ပစ္စည်းများ ရှိသေး၏။ ထိုအရာများမှာ မြေကမ္ဘာအဆင့် စိတ်စွမ်းအင် ကျောက်တုံးများ၊  ရေဒီယို သတ္တိုကြွ ကျောက်၊ မြေကမ္ဘာ နှလုံးမီးတောက်၊ သက်တန့်ကျောက်တို့ ဖြစ်ကြသည်။

မိုဝူကျီက ဖတ်လေလေ ပို၍ စိတ်လှုပ်ရှားလေလေ ဖြစ်၏။ ထိုစာရွက်တွင် အမြောက်များကို တည်ဆောက်နိုင်သည့် နည်းလမ်းအမျိုးမျိုးကို ပြသထားသေးသည်။  ထိုသည်က မည်သို့ သာမာန် သင်္ဘောတစ်စင်း ဖြစ်နိုင်မည်နည်း။ ထိုအရာက ရွေ့လျားနိုင်သည့် တိုက်ပွဲ ခံတပ်ကြီး ဖြစ်၏။ ထိုအရာ ထွက်ပေါ်လာပါက စစ်မှန်ခြင်း နတ်ဘုရား ကျင့်ကြံသူပင် ပြေးရလိမ့်မည်။

မိုဝူကျီ၏ ဝိညာဉ်စွမ်းအားက သင်္ဘောဦးပိုင်းနှင့် ခါးလယ်ပိုင်းကို ရောက်သွားသည့်အခါ သူတို့သည် အမှန်ပင် နတ်ဘုရားရွှေနေကြာသတ္တုနှင့် ပြုလုပ်ထားလေသည်။ သို့သော် ဤနေရာရှိ နတ်ဘုရားရွေနေကြာ သတ္တုကား လုပ်ဆောင်ပြီးလေပြီ။ သင်္ဘောပေါ်ရှိ နတ်ဘုရား ရွေနေကြာ သတ္တု ပမဏမှာ သူ့တွင် ရှိသော ပမာဏထက် ရာပေါင်းများစွာ ပိုလေသည်။

လူသားသစ္စာ MM Translation  (201 - 300 ) (Z + U)Where stories live. Discover now