အခန်း (၂၁၈)

1.3K 158 0
                                    


အခန်း (၂၁၈) : အစုတ်ပြတ်ဆုံး အင်မော်တယ် နယ်မြေ

ကျောင်းယန်သို့ ပေးလိုက်သည့်အိတ်ထဲတွင် အဝတ်အစားအချို့ပါလေသည်။ ထိုအဝတ်များက မိုးကြိုးမြူတောတွင် ပဝါမည်းနှင့် အမျိုးသမီး သိုလှောင်လက်စွပ်မှ ရထားသော ပစ္စည်းများ ဖြစ်လေသည်။ ကျောင်းယန် အဝတ်များက စုတ်ပြဲနေပြီး သူမနောက်ကျောလည်း ပေါ်နေသည့်အတွက် ထိုအဝတ်များကို ပေးလိုက်ခြင်း ဖြစ်သည်။

"ဒါတွေက အရမ်းကို တန်ဖိုးကြီးလွန်းတယ်။ ကျုပ် ဘာမှလည်း မလုပ်လိုက်ရပါဘူး ... " ဖူချန်းတွင် စိတ်စွမ်းအား မရှိသော်လည်း သူ့လူသားအဆင့်လွန် ကျင့်ကြံဆင့်ဖြင့် သူ့အတွက် သိုလှောင်အိတ်ထဲမှ ပစ္စည်းများကို အာရုံခံကြည့်ဖို့ရာ လွယ်ကူလှသည်။

ကျောင်းယန်လည်း ဝင်ပြောချင်သည်ကို တွေ့၍ မိုဝူကျီက လက်တားပြကာ ပြောလိုက်သည် "ကျုပ် အသက်နဲ့ယှဉ်ရင် ဒါတွေက ဘာမှမဟုတ်ပါဘူး။ စိတ်စွမ်းအင် ကျောက်တုံးတွေဆိုတာလည်း ဘယ်လောက်ပင် အရည်အသွေးကောင်းကောင်း သုံးပစ်ရမှာပဲလေ။ မိတ်ဆွေတွေကမှ တကယ့် ရတနာတွေပါ .. ကျုပ်အတွက် ညီမကျောင်းယန်တို့ အစ်ကိုဖူတို့ လူမျိုးနဲ့ တွေ့ခွင့်ရတာ တကယ်ကို ကံကောင်းတယ် ... "

ထိုစကားလုံးများက နှလုံးသားမှ ထွက်လာခြင်း ဖြစ်၏။ သူက ဖူချန်းနှင့် ကျောင်းယန်တို့နှင့် အရမ်း မရင်းနှီးလှပေ။ သူက ကျောင်းယန်ကို ကယ်တင်ပြီးနောက်တွင် သူမက ပြန်ရောက်လာလိမ့်မည်ဟု တွေးမထားမိပေ။ ထိုသည်က တစ်ကိုယ်ကောင်းဆန်သူတွေ ပေါများလှသည့် ကျင့်ကြံခြင်းလောက ဖြစ်လေသည်။ အကယ်၍ ကျောင်းယန်က ပြန်ရောက်လာခြင်းမှာ သူမကို ကယ်တင်ဖူး၍ ဖြစ်လိမ့်မည်။ သို့သော် ဖူချန်းလည်း သူ့ကို ကယ်ရန် ရောက်လာလေသည်။ အကြောင်းမှာ သူလုပ်လို၍သာ ဖြစ်ရမည်။ မိုဝူကျီက ဖူချန်းကို မိတ်ဆွေစစ်အဖြစ် ဆက်ဆံရန် ဆုံးဖြတ်လိုက်လေသည်။

"ညီလေးမိုလို လူမျိုးနဲ့ တွေ့တာကိုက ကျုပ်အတွက် ကံကောင်းတာပါ .. " ဖူချန်းက သိုလှောင်အိတ်ကို ခါးတွင် သေချာသိမ်းကာ ပြောလိုက်သည်။ သူက မိုဝူကျီသည် ကျောင်းယန်ကို ကယ်တင်လိုက်သည့် အခြေအနေကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရလေသည်။ ကျောင်းယန်၏ ခင်ပွန်းသည်ပင် လာရောက်မကူညီပေ။ သို့သော် မိုဝူကျီက ကျောင်းယန်အတွက် သူစိမ်းတစ်ယောက်သာ ဖြစ်ကြောင်း သိ၏။

လူသားသစ္စာ MM Translation  (201 - 300 ) (Z + U)Where stories live. Discover now