အခန်း (၂၉၃)

1.1K 154 1
                                    

လူသားသစ္စာ စာစဉ် (၂၂)
ဘာသာပြန်ဆိုသူ ....  ကြည်ဖြူ (ရိုးရာ)

အခန်း (၂၉၃) : အာကာသထဲမှ လူသတ်ငွေ့

သူ့သင်္ဘောပျံသည် အစစ်အမှန်ရေ ကျင့်ကြံသူ သင်္ဘောပျံထက် များစွာ လျှင်မြန်သည်ကို သိပြီး မိုဝူကျီက က အရှိန်နှုန်းမကျစေရန် အနားမယူခဲ့ပေ။ မိုဝူကျီက သူ့အား မျက်ခြေ ဖြတ်နိုင်သော်လည်း သူက ဆူးနစ်လေဂိတ်သို့ သွားမည်ဖြစ်ကြောင်း ထိုလူက သိနေ၍သာ ဤနေရာတွင် လာပိတ်ဆို့ထားခြင်း ဖြစ်ရမည်။ ထို့ကြောင့် မိုဝူကျိက ဆူးနစ်လေဂိတ်ကို မသွားနိုင်သေးဘဲ ကြားတွင်သာ သောင်တင်နေလေသည်။

သူက အစစ်အမှန်ရေအဆင့် ရောက်မည့် နည်းလမ်း ရှာချင်မိသည်။ အကြောင်းမှာ သူသာ အဆင့်တက်လှမ်းသွားပါက သူ့နောက်ကို လိုက်လာသည့် အစစ်အမှန်ရေ ပြီးပြည့်စုံခြင်းအဆင့် ကျင့်ကြံသူနှင့် ရင်ဆိုင်နိုင်ခြေ ရှိလာလိမ့်မည်။

အကယ်၍ အင်အားကွာဟချက်က အလွန်ကြီးမားနေပြီး အကောင်းဆုံး တိုက်ကွက်နှင့် လှည့်ကွက် ပေါင်းထားလျှင်ပင် သူ့အသက်လေး ဆုံးရှုံးနိုင်သေးသည်။

မိုဝူကျိက သင်္ဘောပျံဦးခေါင်းပိုင်းတွင် မတ်တပ်ရပ်နေရင်း သူ့နောက်မှ လိုက်လာသူကို မည်သို့ကိုင်တွယ် ဖြေရှင်းရမည်ကို တွေးနေလေသည်။ သင်္ဘောပျံက ရုတ်တရက်ကြီး တုန်ခါလာလေသည်။ မိုဝူကျီက မည်သို့ ဖြစ်သွားကြောင်း နားမလည်နိုင်ခင် သူ့စိတ်စွမ်းအားက သူ့ဆီ အလုံးလိုက် ပြေးလာနေကြသော သားရဲများကို ခံစားမိလိုက်သည်။

ထိုသားရဲများမှာ ဧရာမ လက်မကြီးများရှိသည့် ကင်းမြီးကောက်များနှင့် တူပြီး အမြီးမှာလည်း သံမဏိကြာပွတ်အလား ဖြစ်သည်။ ထိုသားရဲ၏ များပြားစွာသော ခြေချောင်းများမှာ ကျပ်တည်းစွာ ရှိနေပြီး အကြီးဆုံးမှာ ၂ မီတာမှ ၃ မီတာ အထိရှိကာ အသေးငယ်ဆုံးမှာ စင်တီမီတာ မျှသာ ရှည်လျား၏။

မိုဝူကျီက တွန့်ဆုတ်မနေဘဲ သင်္ဘောပျံ ဦးတည်ရာကို ချက်ချင်း ပြောင်းလဲလိုက်တော့သည်။

ထိုသားရဲများကို ပထမဆုံးအကြိမ် တွေ့ဖူးခြင်း ဖြစ်သော်လည်း ကြားဖူးသည်က ပထမဆုံးအကြိမ် မဟုတ်တော့ပေ။ သူတို့လမ်းမှာရှိစဉ်က ချူချင်းလောင်က အာကာသ သားရဲများအကြောင်း ပြောပြဖူး၍ ထိုကင်းမြီးကောက် သားရဲများပါ ပါလေ၏။ ထို့အပြင် အာကာသာ သားရဲများကြားတွင် အာကာသ ကင်းမြီးကောက်က ခွန်အားအရဆိုရလျှင် ပထမတန်းစားဝင်လေသည်။ ထိုသားရဲများက သူ့ကိုယ်သူ အားမကောင်းသော်လည်း အဖွဲ့လိုက် တိုက်ခိုက်တတ်ကြသည်။ ထို့အပြင် ထိုသားရဲများမှာ အဆိပ်ရှိသည့်အတွက် အကိုက်ခံရလျှင် သို့မဟုတ် အထိုးခံရလျှင် အဆိပ်မိပေလိမ့်မည်။

လူသားသစ္စာ MM Translation  (201 - 300 ) (Z + U)Where stories live. Discover now