အခန်း (၂၃၀)

1.2K 153 0
                                    

လူသားသစ္စာ စာစဉ် (17)
ဘာသာပြန်ဆိုသူ .....  ကြည်ဖြူ (ရိုးရာ)

အခန်း (၂၃၀) : တိုက်ပွဲထွက်ကြမယ်

ဂိုဏ်းတစ်ရာ မဟာမိတ်အဖွဲ့မှ ကျင့်ကြံသူများ သတ္တိကား ယာယီမျှသာ ဖြစ်၏။ နယ်ခြား ကျင့်ကြံသူ ၁၀ ၀၀၀ကို မြင်ပြီးနောက်တွင် ဂိုဏ်းတစ်ရာ မဟာမိတ်အဖွဲ့ ကျင့်ကြံသူများက တိုက်ခိုက်ဖို့ အင်အား လျော့ကျသွားလေသည်။

ထိုစဉ် နယ်ခြား ကျင့်ကြံသူ ၁၀ ၀၀၀ လည်း သူတို့ တိုက်ခိုက်မှုကို ရပ်တန့်လိုက်ပြီး သူတို့ဘက်က ဂိုဏ်းတစ်ရာ မဟာမိတ်အဖွဲ့ကို ရက်ရက်စက်စက် သတ်ဖြတ်နေသည်ကို ကြည့်နေမိလေသည်။ တစ်ချိန်တည်းတွင် သူတို့က ထွက်ပြေးသည့်သူများကို တားဆီးလိုက်ကြသည်။ သူတို့သည် ဤတိုက်ပွဲတွင် အားလုံးကို အမြစ်ဖြတ်ချေမှုန်းရန် ရည်ရွယ်ထားကြောင်း သိသာလှသည်။

ပျောက်ဆုံး နယ်မြေ ကျင့်ကြံသူများ ဖြစ်စေ သို့မဟုတ် နယ်ခြား ကျင့်ကြံသူများ ဖြစ်စေ သူတို့အားလုံးသည် တိုက်ပွဲက ပြီးဆုံးသွားပြီမှန်း သိကြ၏။ ပျောက်ဆုံးနယ်မြေသည် မကြာခင် ပျောက်ကွယ်သွားတော့မည် ဖြစ်ကာ ဤနေရာတွင် နယ်မြေအသစ်တစ်ခု ဖြစ်လာလိမ့်မည်။ ဤနယ်မြေအသစ်တွင် နေထိုင်ကြသော လူများမှာ မျှောလွှင့်ကြယ်မှ ဖြစ်လိမ့်မည်။

ထိုအခိုက်အတန့်တွင် သင်္ဘောပျံက ရောက်ရှိလာလေသည်။ သင်္ဘောပျံထိပ်ပိုင်းတွင် လူဆယ်ယောက် ပါရှိလေ၏။ ဆံပင်မည်း၊ မုတ်ဆိတ်ဖြူ အမျိုးသားက သင်္ဘောပျံမှ ခုန်ဆင်းလာကာ နယ်ခြား ကျင့်ကြံသူများဆီ ခုန်အုပ်ဝင်လာလေသည်။

နယ်ခြား ကျင့်ကြံသူဘက်မှ စစ်မှန်ခြင်း နတ်ဘုရားအဆင့် ကျင့်ကြံသူ များစွာက စိမ်ခေါ်မှုကို လက်ခံလိုက်ကြသည်။

“ဘမ်း ဘမ်း …” လေထဲတွင် သဘာဝစွမ်းအားများက ပေါက်ကွဲကုန်ကာ တော်တော်များများ သေဆုံးသွားကြ၏။

ရုတ်တရက် ဖြစ်ပေါ်လာသော ဖြစ်ရပ်ကြောင့် လူအားလုံးက အံ့ဩတကြီး ဖြစ်သွားကြသည်။ တိုက်ပွဲနေရာမှ တိုက်ပွဲကြီးပင် ငြိမ်သက်သွားလေသည်။ လူတစ်ယောက်က စစ်မှန်ခြင်း နတ်ဘုရားအဆင့် ကျင့်ကြံသူများဖြင့် ရင်ဆိုင်တွေ့ပြီး ရိုးရိုးရှင်းရှင်း တစ်ချက်တည်းဖြင့် စစ်မှန်ခြင်း နတ်ဘုရားအဆင့် ကျင့်ကြံသူများစွာမှာ ချက်ချင်း အသတ်ခံလိုက်ရသည်။ ဤအရာက အိပ်မက်များလား။

လူသားသစ္စာ MM Translation  (201 - 300 ) (Z + U)Where stories live. Discover now