အခန်း (၂၁၄)

1.3K 150 0
                                    


အခန်း (၂၁၄) : ထူးဆန်းအံ့ဖွယ် သင်္ဘော

"ဘမ်း ..." လျှပ်စီး ကျရောက်လာသည့်အခါ လျှပ်စီးသံနှင့်အတူ သစ်သားပြားများ ကျိုးကြေသံက ထွက်ပေါ်လာလေသည်။

နောက်အခိုက်အတန့်တွင် အခန်းအတွင်းမှ လူရှစ်ယောက်က ချက်ချင်းလက်ငင်း ပြေးထွက်သွားကြသည်။ မိုဝူကျီနှင့် မိန်းမငယ်လေးသာ ကျန်ရစ်နေလေသည်။ မိန်းကလေးက မည်သည့်နေရာကိုမှ မသွားဘဲ မတ်တပ်ရပ်လိုက်သည်။ ထိုသည်က သူမ ကျင့်ကြံဆင့်မှာ အရမ်းမမြင့်ကြောင်း ညွှန်ပြနေခြင်း ဖြစ်သည်။

မိုဝူကျီ မလှုပ်ရှားရသည့် အကြောင်းအရင်းမှာ သူက စိတ်စွမ်းအားဖြင့် သိရှိပြီးပြီ ဖြစ်ရာ လျှပ်စီးက သင်္ဘောကုန်းပတ်ကို ကျိုးသွားစေကြောင်း အတည်ပြုပြီးလေပြီ။ သို့သော်လည်း သင်္ဘောကို ချက်ချင်း မမြှပ်သွားစေနိုင်သည့် အက်ကွဲကြောင်းအသေးလေး တစ်ခုတော့ ဖြစ်ပေါ်လာလေသည်။ ထိုသည်က အချိန်တချို့ တောင့်ခံထားနိုင်ပေလိမ့်မည်။  မိုဝူကျီက စိတ်ထဲမှ သက်ပြင်းချရုံမှ အပ မတတ်နိုင်ပေ။ သင်္ဘောကို ရှားရှားပါးပါး တွေ့ခဲ့သော်လည်း  ဤပေါ်တွင်  ကြာကြာ မနေနိုင်လောက်တော့ချေ။

မိုဝူကျီက တည်တည်ငြိမ်ငြိမ် ဖြစ်နေသည်ကို တွေ့၍ မိန်းမငယ်လေးက နောက်တစ်ခါ ပြန်မထိုင်ခင် တွေဝေသွားလေသည်။ သူမက မိုဝူကျီကို ချောင်းကြည့်ပြီးနောက် ခေါင်းကို အမြန်အဆန် ငုံ့လိုက်သော်လည်း သူမ အပြုအမူများက မိုဝူကျီ မြင်ကွင်းအောက်မှ မလွတ်နိုင်ပေ။ မိန်းမငယ်လေး မျက်နှာတွင် အဖုအချိုင့်များ ရှိနေလေ၍ ရုပ်ပျက်ဆင်းပျက် မဟုတ်သော်ငြား သူမက ထိုအတိုင်း မွေးဖွားလာခြင်းသာ ဖြစ်ရမည်။

ထွက်သွားကြသည့် လူရှစ်ယောက်က ပြန်ရောက်လာကြသည်။ သူတို့က အပြင်ဘက်ရှိ အခြေအနေများကို လေ့လာဆန်းစစ်ခဲ့ပြီး ကုန်းပတ်က ကျိုးသွားသော်လည်း သင်္ဘောက တောင့်ခံနိုင်သေးလေသည်။

သူတို့အပြုအမူများနှင့် အလှမ်းကွာသော်လည်း မိုဝူကျီက သူတို့စွမ်းအားများကို ခံစားမိသည်။ မျက်နှာမည်း ဘုန်းကြီးသည် အနည်းဆုံး လူသားအဆင့်လွန် အဆင့် ၆ တွင် ရှိပြီး သေရည်အတူတူ သောက်သုံးနေကြသည့် အမျိုးသားနှစ်ယောက်နှင့် အမျိုးသမီး တစ်ယောက်တို့မှာလည်း လူသားအဆင့်လွန် အဆင့်တွင် ဖြစ်ကြသည်။ တံခါးဘေးတွင် ထိုင်နေသော အတွဲမှာ အမျိုးသားက လူသားအဆင့်လွန်အဆင့်သို့ တက်လှမ်းပြီးခါစ ဖြစ်ကာ အမျိုးသမီးက စိတ်ဝိညာဉ်တည်ဆောက်ခြင်းအဆင့်တွင် ဖြစ်လေ၏။

လူသားသစ္စာ MM Translation  (201 - 300 ) (Z + U)Where stories live. Discover now