အခန်း (242)

1.1K 163 0
                                    

လူသားသစ္စာ စာစဉ် (၁၈)
ဘာသာပြန်ဆိုသူ ......  ကြည်ဖြူ (ရိုးရာ)

အခန်း (၂၄၂) : ကောင်းကင်ဖွေရှာနန်းတော်၏ အဆင့်မြင့် ကျင့်ကြံသူ

ချိန်ဟောင်ယီက လှည့်ကြည့်လိုက်သောအခါ အနည်းငယ် ခါးကုန်းနေသော လူအိုကြီးကို တွေ့လိုက်ရလေသည်။ ထိုလူအိုကြီး လက်တွင် ငါးမြှားတံ ကိုင်ထားပြီး သူ့လည်ပင်းမှ ငါးမြှားကြိုးမှာ လူအိုကြီးဆီမှ  ဖြစ်၏။

ဤအဖြူရောင် နှုတ်ခမ်းမွေးရှည် လူအိုကြီးက ဘယ်အချိန်က ရောက်လာတာလဲ။ သူက ထိုမေးခွန်းအတွက် အမှန်ပင် သဲလွန်စ မရှိပေ။ ချိန်ဟောင်ယီသည် မိုဝူကျီကို ဂရုစိုက်နေနိင်ဦးမည်လား။ သူက လူအိုကြီးဆီမှ ချက်ချင်း နောက်ဆုတ်လိုက်တော့သည်။ သူ ဆယ်မီတာလောက် ရောက်သည့်အခါ သူ့လည်ပင်းတွင် ကြောက်မက်ဖွယ် အင်အားတစ်ခု ပေါ်လာလေ၏။

ချိန်ဟောင်ယီက ကမန်းကတမ်း ရပ်တန့်လိုက်ရသည်။ ယခင်က ငါးမြှားကြိုးသည် သူ့လည်ပင်းတွင် ရှိနေရုံသာ ဖြစ်ပြီး ယခုအခါတွင် သူ့လည်ပင်းကို ရစ်ပတ်ထားလေပြီ။ ထိုသည်က ငါးမြှားချိတ်မပါရှိသည့် ငါးမြှားကြိုး ဖြစ်၏။

“စီနီယာက လောကအင်မော်တယ်လား ....” ချိန်ဟောင်ယီ နောက်ကျောတွင် ချွေးအေးများ ထွက်လာလေ၏။ သူက စစ်မှန်ခြင်း နတ်ဘုရား ပြီးပြည့်စုံခြင်းအဆင့် ရောက်နေသော်လည်း ထိုငါးမြှားကြိုးလေးမှ မလွှတ်မြောက်နိုင်ပေ။ တစ်ဖက်လူက လောကအင်မော်တယ် မဖြစ်လျှင် ဘာဖြစ်ရမည်နည်း။

ပျောက်ဆုံးနယ်မြေတွင် လောကအင်မော်တယ်အဆင့် ရှိနေသည်လား။ လောကအင်မော်တယ်အဆင့် ရှိနေလျှင် သူက အဘယ်ကြောင့် နယ်ခြားကျင့်ကြံသူများကို မရပ်တန့်ခဲ့သနည်း။

“မင်း စောက်လုပ် မဟုတ်ဘူး ...” နှုတ်ခမ်းမွေးရှည် လူအိုကြီးက ဝင်ပြောလိုက်သည်။ ချိန်ဟောင်ယီမှာ ငါးမြှားကြိုးရှိရာဆီသို့ ချက်ချင်း ခုန်လိုက်လေသည်။ အကယ်၍ သူသာ မလုပ်ပါက သူ့လည်ပင်းသည် လူအိုကြီးဆီ ငါးမြှားကြိုးနောက် လိုက်သွားရလိမ့်မည်။

မိုဝူကျီက ကြည့်နေရင်း လူအိုကြီးမှာ ဖမ်းမိထားသည့် ငါးကို ဆော့ကစားနေဟန် ရှိသည်။

လူသားသစ္စာ MM Translation  (201 - 300 ) (Z + U)Where stories live. Discover now