အခန်း (၂၄၀)

1.1K 149 0
                                    

လူသားသစ္စာ စာစဉ် (၁၈)
ဘာသာပြန်ဆိုသူ ...  ကြည်ဖြူ (ရိုးရာ)

အခန်း (၂၄၀) : သူ၏ ကြိုးစားအားထုတ်မှု

မိုဝူကျီ သင်္ဘောပျံသည် ချိန်စုယင်ထက် ပိုမြန်ပေမဲ့ ချိန်စုယင်၏ မဆုတ်မနစ် လုံ့လကြောင့် ကောင်းကင်ဖွေရှာမြို့မှ ထွက်လာပြီးနောက်  မိုဝူကျီက သူမကို သတိထားမိသွားလေသည်။

အစပိုင်းတွင် မိုဝူကျီက လိန်မျိုးနွယ်စုမှ နောက်လိုက်ခွေးများ လိုက်လာသည်ဟု ထင်နေမိကာ ရောင်ခြည်အမြောက်ထုတ်၍ တစ်ချက်ပစ်လွှတ်ဖို့ရာပင် ကြံရွယ်နေသေး၏။

သို့သော်လည်း သူက မကြာခင်တွင် သင်္ဘောပျံကို ထိန်းချုပ်နေသည့် ချိန်စုယင်ကို တွေ့သွားလေသည်။ သူမက သင်္ဘောပဲ့ကိုင် အပိုင်းတွင် ရပ်နေခြင်း ဖြစ်၏။

ထိုသည်က မိုဝူကျီကို သိချင်စိတ် ဖြစ်သွားစေသည်။ ချိန်စုယင်က သူ့နှင့် ဘာအကြောင်းအရင်းရှိနေမှန်း မသိပေ။ ချိန်စုယင်က သူသည် နယ်လှည့် ကျင့်ကြံသူ ၂၇၀၅ မှန်း သိနေလိမ့်မည်ဟုတော့ မထင်ချေ။ သူမက သူနှင့်အတူ အမှတ်အသားပြား သွားလျှောက်ခဲ့သော်လည်း သူတို့၏ ဆက်ဆံရေးမှာ ထိုမျှမရင်းနှီးပေ။ အများဆုံး သူမက ထိုကိစ္စကို မြန်ဆန်အောင် ကူညီပေးခဲ့ရုံသာ ဖြစ်၏။ သူ့အမှတ်အသားပြားတွင် ရေးထားသည်များကို သူမ မမြင်နိုင်ပေ။ ထို့ကြောင့် သူမတွင် သူကဲ့သို့ အားကောင်းသော စိတ်စွမ်းအင် မရှိသရွေ့ နယ်လှည့် ကျင့်ကြံသူ ၂၇၀၅က သူမှန်း မသိနိုင်လောက်ချေ။

ချိန်စုယင်အတွက်  ယခု သူသည် မိုဝူကျီ ဖြစ်နေလိမ့်မည်ဟု မှတ်မိဖို့ရန် ပို၍ မဖြစ်နိုင်သေး၏။ ရန်ထျန်းရှင်း ပေးခဲ့သည့် မျက်နှာဖုံးကား အတော်လေး ကောင်း၏။ ချိန်စုယင်၏ ကျင့်ကြံဆင့်ဖြင့် မမြင်နိုင်လောက်ချေ။

ဖြစ်ရပ်နှစ်ခုလုံးက မဖြစ်နိုင်သည့်အတွက် သူမက သူ့ကို ဘာကြောင့် ရှာနေရသနည်း။

တစ်နာရီအကြာတွင် မိုဝူကျီက ချိန်စုယင်သည် နောက်က ဆက်လိုက်လာနေဆဲ ဖြစ်ပြီး တောအုပ်ထဲထိ တိုက်ရိုက်လိုက်ပါလာကြောင်း သတိထားမိလိုက်သည်။

လူသားသစ္စာ MM Translation  (201 - 300 ) (Z + U)Where stories live. Discover now