အခန်း (၂၀၅)

1.4K 164 1
                                    


အခန်း (၂၀၅) : ကျုပ်ရောက်နေပြီ

"စီနီယာဂျုကို ကျေးဇူးအများကြီးတင်ပါတယ် .." ကျုးကန်ဖူက မြန်မြန် ကျေးဇူးတင်လိုက်သည်။ အရိုးသားဆုံးပြောရလျှင် သူက မိုဝူကျီ၏ စွမ်းဆောင်ရည်များက သူ့ထက် ကျော်လွန်နေမည်ကို မစိုးထိတ်ပေ။ သူ ကြောက်ရွံ့သည့်အရာကား မိုဝူကျီ၏ ကောင်းကင်ဖွေရှာနန်းတော်တပည့် ဖြစ်သည့် အနေအထား ဖြစ်၏။ ယွမ်ဒန်အဆင့် ကျင့်ကြံသူအနေနှင့် ကောင်းကင်ဖွေရှာနန်းတော်သည် သူ့ကို ဝရမ်းချလိုက်ပါက တစ်လတောင်ခံမည် မဟုတ်ပေ။

"လာ အားလုံး သောက်ကြစို့ .. ဒါက ကျုပ်တို့ ချင်ယွီပြည်နယ်ရဲ့ အကောင်းဆုံးဝိုင်ပဲ ... " စစ်ထူချင်က သူ့ခွက်ကို မြောက်ကာ ပြောလိုက်သည်။ နောက်ဆုံးတွင် သူက စိတ်အေးသွားလေပြီ။

"သခင် အရေးတကြီး သတင်းရောက်လာပါတယ် .." အမျိုးသမီး တစ်ဦးက အလျှင်စလို ဝင်ရောက်လာကာ စစ်ထူချင်ဆီ စာတစ်စောင် ပေးလိုက်သည်။

စစ်ထူချင်က စာပေါ်က အမှတ်အသားကို မြင်သောအခါ စတင်၍ တုန်ယင်လာလေသည်။ သူ့ခွက်ပင် မြေပေါ်သို့ ပြုတ်ကျလုမတတ် ဖြစ်သွားလေသည်။ အနီရောင် ချိတ်ပိတ်ထားသည့် စာသည် ပြည်နယ်၏ အရေးကြီးဆုံးသတင်းများကို ကိုယ်စားပြု၏။ ယခု ထိုစာကြောင့် သူ့နောက်လိုက်သည် သူ့အား မနှုတ်ဆက်နိုင်ဘဲ အလောတကြီး ပြေးလာပေးနေသည်။

"ငါ နားလည်ပြီ ... မင်းထွက်သွားတော့ .." စစ်ထူချင်က တည်ငြိမ်အောင် ထိန်းထားလိုက်သည်။ သူ့တွင် ကောင်းကင်ဖွေရှာနန်းတော်၏ အတွင်းစည်းတပည့် ဂျူချီဂျန်း ရှိနေသည့်အတွက် ဘာကိုများ စိုးရိမ်စရာ လိုမည်နည်း။

ဂျူချီဂျန်းနှင့် ကျူးကန်ဖူတို့လည်း မျက်နှာထားက တည်ငြိမ်နေလေသည်။ သူတို့ကဲ့သို့ ကျင့်ကြံသူများသည် ချင်ယွီပြည်နယ်၏ အရေးကြီးဆုံးကိစ္စအရေးများပင် သူတို့အတွက် များစွာ အဓိပ္ပါယ်မရှိပေ။ ယောင်ကျိုးအပြင်ဘက်မှ စစ်တပ်တစ်ခုလုံး ချီတက်လာလျှင်ပင် သူတို့ရှေ့တွင် ပြောဖို့အတွက်ပင် မထိုက်တန်ပေ။

စစ်ထူချင်က စာကို ဖွင့်ကြည့်လိုက်ပြီး စာထဲမှ အကြောင်းအရာများကို မြင်သောအခါ လက်များပင် တုန်ယင်လာတော့သည်။ စောစောလေးမှ စားပွဲပေါ် တင်လိုက်သော ခွက်ပင် မြေပေါ်သို့ကျသွားတော့သည်။

လူသားသစ္စာ MM Translation  (201 - 300 ) (Z + U)Where stories live. Discover now