chapter 254 (z)

894 90 0
                                    

လူသားသစ္စာ စာစဉ် (၁၉)
ဘာသာပြန်ဆိုသူ  .... ကြည်ဖြူ (ရိုးရာ)

အခန်း (၂၅၄) : ဂိုဏ်းတစ်ရာ ညီလာခံအခမ်းအနား

ထိုအတွေးဖြင့် မိုဝူကျီက ရုတ်တရက် ပြောလိုက်လေသည် “တကယ်လို့ တျန်းဂျီတောင်မှာ မှီခိုချင်ရင်တော့ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ခင်ဗျားက တျန်းဂျီဂိုဏ်းကို ဝင်ရမယ်။ ပြီးတော့ အနည်းဆုံး ဆယ်နှစ်တော့ နေရမယ်။ အဲဒီ ဆယ်နှစ်အတွင်းမှာ တျန်းဂျီဂိုဏ်းက တစ်ခုခု ရင်ဆိုင်ရရင် ခင်ဗျားလည်း ကူညီပေးရမယ်။ ပြီးတော့ ခင်ဗျားက သွေးသစ္စာကျိန်ဆိုရမယ် ... ”

သွေးသစ္စာဆိုပြီးသည်နှင့် တစ်ယောက်က အပြည့်အဝ စောင့်ထိန်းဖို့ လိုအပ်လေသည်။ မဟုတ်လျှင် ဆိုးရွားစွာ သေဆုံးပြီး ဝိညာဉ်ပင် ဖျက်စီးခံရမှာ ဖြစ်လေ၏။

မိုဝူကျီကို လုံးဝအံ့ဩစေသည်က သုံးမျက်လုံးရှင် ဒူတာက တွေဝေခြင်းမရှိ ပြောလိုက်ခြင်း ဖြစ်သည် “ဟုတ်ပြီ ကျုပ် ရှင်းဟွမ်က ဆယ်နှစ်တာလုံးလုံး တျန်းဂျီဂိုဏ်းနဲ့အတူ အတူတူ အသက်ရှင်၊ အတူတူ သေဆုံးဖို့ရာအတွက်  သွေးသစ္စာကျိန်ဆိုဖို့ ဆန္ဒရှိပါတယ်။ ”

သူက ပြောလိုက်ရင်း သုံးမျက်လုံးရှင် ဒူတာက နဖူးကို ဓားဖြင့် ဖြတ်လိုက်သည့်အခါ သွေးသစ္စာအဖြစ် သွေးအလုံးလေး ဖြစ်တည်လာလေ၏။ သူက မိုဝူကျီ ဒုတိယအကြိမ် ပြောဖို့ရာအထိပင် စောင့်မနေပေ။

မိုဝူကျီက သုံးမျက်လုံးရှင် ဒူတာကို အံ့ဩတကြီး ကြည့်နေရင်း သူက အမှားများ ပြုလုပ်မိတာလားဟု တွေးတောမိနေသည်။ ထိုအရာက အရမ်းလွယ်ကူလွန်းမနေဘူးလား ...

“ဂိုဏ်းချုပ်မို ... ကျုပ်က တျန်းဂျီဂိုဏ်းသား ဖြစ်ပြီဆိုတော့ ကျုပ်ကို ဘာလုပ်စေချင်လဲ ...” မိုဝူကျီ မျက်နှာမှ အံ့ဩတကြီး အမူအယာကို မြင်ပြီး သွေးသစ္စာကျိန်ဆိုထားသည့် သုံးမျက်လုံးရှင် ဒူတာက ဦးစွာမေးလိုက်တော့သည်။

မိုဝူကျီက နဂိုအခြေအနေ ပြန်ဖြစ်သွားပြီး ပြောလိုက်လေသည် “အစ်ကိုရှင်းက သွေးသစ္စာဆိုထားပြီးပြီဆိုတော့ လိမ်ညာမယ်လို့တော့ မထင်ပါဘူး။ ဒါပေမဲ့ ကျုပ်တျန်းဂျီဂိုဏ်းက ရွမ်အဆင့်ဂိုဏ်းလေးပဲလေ။ ဒီမှာနေလို့ ဘာအကျိုး ရမှာလဲ။ ပြီးတော့ ဆယ်နှစ်တောင်လေ ...”

လူသားသစ်စာ MM Translation  (201 - 300 ) (Z + U)Where stories live. Discover now