chapter 203 (Z)

1.3K 85 1
                                    


အခန်း (၂၀၃) : ကျုပ် လက်စားချေဖို့ ပြန်ရောက်လာပြီ

မိုဝူကျီက မြေပေါ်သို့ လူဆယ်ယောက်လောက် တက်လာသည်ကို မြင်လိုက်ရသည်။ ထိုလူများက ချက်ချင်းဆိုသလို အမျိုးသမီးက အစ်ကိုကြီးချီဟု ခေါ်သည့် အမျိုးသားကို 'သခင်' ဟု ခေါ်ဆိုရင်း တရိုတသေ နှုတ်ဆက်လိုက်ကြသည်။

"ကျွန်မ တောင်းပန်ပါတယ် အစ်ကိုကြီးချီ ... အကုန် ကျွန်မ အမှားတွေပါ .. " မိုဝူကျီကို ဆွဲခေါ်လာသည့် အမျိုးသမီးက စိတ်လှုပ်ရှားမှုများ ပျောက်ကွယ်သွားပြီး ပြန်လည် တည်ငြိမ်လာလေသည်။

"လန်ဟယ် အဲလိုမပြောပါနဲ့ မင်းက အဲလို မကောင်းတဲ့အရာတွေ တွေးမဲ့လူ မဟုတ်မှန်း သိပါတယ်။ မင်းက စီရင်စု သခင်လေးကို ပြန်ခေါ်လာနိုင်တာကိုက မင်းအတွက် ဂုဏ်ယူစရာပဲ  .. " အစ်ကိုကြီးချီက အမျိုးသမီးဘေး လျှောက်လာကာ သူမ လက်ကို ပုတ်ပေးလိုက်သည်။

မိုဝူကျီက ရုတ်တရက် ထပြောလိုက်သည် "လန်ဟယ်နဲ့ကျုပ်က ဒီနေရာက ထွက်သွားလိုက်မယ်လေ၊  အဆိုးဆုံး ကျုပ်တို့ နှစ်ယောက်ပဲ မိတာပေါ့ ... "

အစ်ကိုကြီးချီက ရယ်မောရင်း ထပြောလိုက်သည် "စီရင်စု သခင်လေး ... ကျုပ် မိုချီက မိုမျိုးနွယ်စုရဲ့ လက်ခွဲအပွားလေး ဖြစ်ပေမဲ့ မိုသွေးတွေ အပြည့်ရှိပါတယ်ဗျ။ ကျုပ်တို့ စီရင်စု သခင်လေးကို ပစ်ပယ်ပြီးတော့ ကိုယ့်ဘာသာ ထွက်ပြေးဖို့ဆိုတာ လုံးဝမလုပ်နိုင်တဲ့အရာပဲ ... "

နောက်ဆုံးတွင် မိုချီက မိုဝူကျီကို လေးလေးစားစား ဦးညွှတ်ကာ "မိုမျိုးနွယ်စုရဲ့ မိုချီက စီရင်စုသခင်လေးကို နှုတ်ဆက်ပါတယ် ကျုပ်တို့တွေကို မကြာခင် ဂျုမျိုးနွယ်ကနေ လာသတ်ဖြတ်တော့မယ်ဆိုပေမဲ့ ကျုပ် ဂါရဝတော့ ပြုရမယ် ... "

သူ့စကားအဆုံးတွင် မိုချီက လှည့်၍ သူ့နောက်မှ လူများကို ပြောလိုက်သည် "အားလုံး နောင်ကျရင် သခင်ဆိုတာ မရှိတော့ဘူး စီရင်စု သခင်လေးပဲ ရှိတော့မယ် ...  "

"ဟုတ်ကဲ့ပါ .." အားလုံးက တညီတစ်ညွှတ်တည်း ပြောကာ မိုဝူကျီကို အော်ကာ နှုတ်ဆက်လိုက်လေသည် "စီရင်စုသခင်လေးကို နှုတ်ဆက်ပါတယ် ... "

လူသားသစ်စာ MM Translation  (201 - 300 ) (Z + U)Where stories live. Discover now