အခန်း (၂၇၉)

1.1K 157 0
                                    

လူသားသစ္စာ စာစဉ် (၂၁)
ဘာသာပြန်ဆိုသူ ... ကြည်ဖြူ (ရိုးရာ)

အခန်း (၂၇၉) : သေရမှာ သေချာနေသည့် ပျောက်ဆုံးရွံ့နွံ့တော

ပျောက်ဆုံးကောင်းကင်မြို့ပျက်က ကျဆုံမြို့ပျက်ကို အနားသတ်ထားခြင်း ဖြစ်ရာ ကျန်းမိုနယ်မြေမှ ကျင့်ကြံသူများအတွက် ပျောက်ဆုံးကောင်းကင်မြို့ပျက်ထဲ၌ ရတနာများစွာ မရှိချေ။

သို့သော်လည်း ပျောက်ဆုံးကောင်းကင်မြို့ပျက်ထဲ၌ အန္တရာယ်များဆဲ ဖြစ်ပြီး စစ်မှန်ခြင်း နတ်ဘုရားအဆင့် ကျင့်ကြံသူပင် အထဲ၌ လူမသိသူမသိ ပျောက်ဆုံးသွားနိုင်ပေသည်။

ထို့ကြောင့် ကျဆုံးမြို့ပျက်တွင် ပုန်းနေသော ကျင့်ကြံသူများအတွက် တစ်ယောက်ယောက်က လာရှာလျှင်ပင် သူတို့က ပျောက်ဆုံးကောင်းကင်မြို့ပျက်ဆီ ထွက်ပြေးလွတ်မြောက်နိုင်သေးသည်။ ထိုနေရာအထိ လိုက်ဖမ်းမည့်သူတော့ မရှိလောက်ချေ။

ထိုစဉ် ကျဆုံးမြို့ပျက်ဈေးရှိ လက်ဖက်ရည်အိမ်တော်၌ အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့က ထောင့်၌ ထိုင်နေကြသည်။

“ အစ်ကိုကြီးချီ ... ကျမ ကြားတာတော့ ပျောက်ဆုံးကောင်းကင်မြို့ပျက်ကို သွားတာက ကြယ်တာရာစစ်ပွဲကို သွားတာထက် ပိုအန္တရာယ်များတယ်တဲ့။ ပြီးတော့ ကြယ်တာရာ စစ်ပွဲကို သွားတာက အသက်ရှုင်နိုင်ခြေ ရှိဦးမယ်။ ပျောက်ဆုံးကောင်းကင်မြို့ပျက်ကို သွားတာက သေဖို့သွားတာနဲ့ အတူတူပဲ ... ” အမျိုးသမီးက တိတ်ဆိတ်နေမှုကို ဖြိုခွင်းလိုက်သည်။ သူမတွင် အနည်းငယ် အသားညိုပြီး တောက်ပနေသည့် မျက်လုံးများနှင့်အတူ မျက်ခုံးထူထူရှိသည့်အတွက် သတ္တိရှိသည့် သွင်ပြင်ကို ပေးနေ၏။

သူမ အစ်ကိုကြီးဟု ခေါ်သောအမျိုးသားမှာလည်း သူ့မျက်နှာကား ကြေးနီရောင်သန်းနေ၍ သာမာန်တော့ မဟုတ်ပေ။ သူ့မျက်ဝန်းထဲတွင် အထီးကျန်ဆန်မှု အပိုင်စိုးထားပြီး မျက်နှာတွင် လျစ်လျူရှုထားသည့် ရုပ်သွင်ရှိနေသည်။

“ အစ်ကိုကြီးချီ .... အခုလိုမျိုးနေနေလို့ အကျိုးမရှိဘူးလေ။ ရုန်ဟယ် ပြောတာ အဓိပ္ပါယ်ရှိတယ်။ ကျုပ်တို့ ကျင့်ကြံဆင့်နဲ့ ပျောက်ဆုံးကောင်းကင်မြို့ပျက်ထဲမှာ သေခြင်းတရားပဲ စောင့်ကြိုနေလိမ့်မယ် ... ” အစ်ကိုကြီး စကားမပြောသည်ကို တွေ့၍ ခပ်ပုပု အမျိုးသားက ဝင်ပြောလိုက်သည်။

လူသားသစ္စာ MM Translation  (201 - 300 ) (Z + U)Where stories live. Discover now