chapter 257 (z)

883 86 0
                                    

အခန်း (၂၅၇) : မင်းလုပ်ရဲရင် လုပ်ကြည့်စမ်း..

" အဲ့ဒီ နေရာမှာ ရပ်စမ်း..."

မိုဝူကျီက ဒြပ်ငါးမျိုး ကင်းမဲ့နယ်မြို့ရှိ လမ်းမထက်တွင် တစ်စုံတစ်ယောက်အား ရပ်တန့်ခိုင်း လိုက်သည်။ထို့နောက် ထိုလူက သူ့အားလှည့်ကြည့်သည်ကို မြင်သောအခါ မိုဝူကျီက အေးစက်စွာ ရယ်မောလိုက်လေသည်။

"ဂျင်ဖေးလန်....ခင်ဗျား မျက်နှာပေါ်က ပုဝါကို ဖယ်လို့ရပြီ...ကျူပ်က ခင်ဗျားနဲ့ ဖြေရှင်းဖို့အတွက် ရောက်လာတာ.."

ဂျင်ဖေးလန်က မိုဝူကျီအားမြင်သောအခါ မှတ်မိသွားပြီး သူမ၏ မျက်နှာထက်တွင် အံ့အားသင့်မှူများ ဖြတ်ပြေးသွားသည်။ ဒြပ်ငါးမျိုးကင်းမဲ့နယ်ကို ယခုအခါ လူတိုင်းဝင်ထွက်ခွင့် ရနေပြီ ဖြစ်သော်လည်း မိုဝူကျီကဲ့သို့ သေမျိုးတစ်ယောက်က ဤနေရာသို့ ရောက်ရှိနေခြင်းကိုကား သူမ အံ့အားသင့်မိလေသည်။

"ယန်အာက သေသွားပြီ....အဲ့ဒီအကြောင်းကို ငါမင်းကို ရှင်းပြရင်လည်း မင်းနားလည်မှာမဟုတ်ဘူး...အဲ့တော့ ဘေးဖယ်နေ..."

ဂျင်ဖေးလန်က တိုတိုတုတ်တုတ်ပြော၍ သူ၏လက်ကို လှုပ်ရှားလိုက်သည့်အခါ လေပွေတစ်ခု ထွက်ပေါ်လာခဲ့သည်။ ထိုအခါ မိုဝူကျီက လက်တစ်ချက်သာလျှင် လှုပ်လိုက်ရာ ထိုလေပွေမှာ အစအနပင် ရှာမရပဲ ပျောက်ကွယ်သွား၏။

"ဘာ....."

ဂျင်ဖေးလန်က မိုဝူကျီမှာ ကျင့်ကြံသူတစ်ယောက် ဖြစ်လာသည်သာမက အစွမ်းထက်သော ကျင့်ကြံသူတစ်ယောက်ပါ ဖြစ်နေကြောင်း သတိပြုမိလိုက်သည်။ ဒုတိယအကြိမ်တွင် သူမက အလျော့မပေးတော့ပဲ သဘာဝစွမ်းအင်လှိုင်းများကို ဖော်ထုတ်လိုက်ရာ ကြောက်မက်ဖွယ်ရာ စွမ်းအင်လှိုင်းများက မိုဝူကျီဆီသို့ ပျံသန်း ရောက်ရှိသွားသည်။ ထိုစွမ်းအင်လှိုင်းများမှ တစ်ဆင့် မိုဝူကျီမှာ ဂျင်ဖေးလန်က အနည်းဆုံး အစစ်အမှန်ရေ အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း ခန့်မှန်းမိလိုက်သည်။

" ဘုန်း..."

မိုဝူကျီက တစ်ချက်မှ မရွေ့လျားပဲ ဂျင်ဖေးလန်၏ သဘာဝစွမ်းအင်လှိုင်းများကို လမ်းတစ်ဝက်တွင် ရပ်တန့်စေလိုက်သည်။ထိုနောက် ထိုသဘာဝစွမ်းအင်လှိုင်းများထက် ပိုမိုပြင်းထန်သော စွမ်းအင်လှိုင်းများ ထွက်ပေါ်လာကာ ဂျင်ဖေးလန်ကို လွင့်စင်သွားစေသည်။ထိုအခါ သူမ ဘေးတွင် ရှိသော ကျောက်နံရံဖြင့် ဝင်တိုက်မိသွားသည်။

လူသားသစ်စာ MM Translation  (201 - 300 ) (Z + U)Where stories live. Discover now