အခန်း (248)

1.2K 158 2
                                    

လူသားသစ္စာ စာစဉ် (၁၈)
ဘာသာပြန်ဆိုသူ ....  ကြည်ဖြူ  (ရိုးရာ)

အခန်း (၂၄၈) : တျန်းဂျီဂိုဏ်းချုပ် မိုဝူကျီ

ယခုရောက်လာသည့်သူကား မင်ဟန်အင်ပါယာ၏ မင်းသား (၂၆) အစား မင်းသား (၃၁)  ပိုင်တျန်းယု ဖြစ်နေသည်။ သူ့တော်ဝင်အစ်ကိုတော်က တျန်းဂျီဂိုဏ်းရှိ ဤနေရာတွင် ကံကောင်းမှုများ ရသွားသည်ကို ကြား၍ မင်းသား (၃၁) လည်း အကျိုးမြတ်မျှဝေရန် မစောင့်နိုင်ဘဲ ရောက်လာခြင်း ဖြစ်၏။ သို့သော်လည်း မင်ဟန်အင်ပါယာမှ တျန်းဂျီဂိုဏ်းသို့ ခရီးထွက်လာစဉ် သူ့လူတချို့ကို အင်မော်တယ် အဖွဲ့တစ်ဖွဲ့မှ သတ်ဖြတ်သွားသည်ဟု ပြန်ကြားသိရသည်။

သူက ထိုသူများက သူ့လူများကို သတ်သွားသည့်အတွက် အင်မော်တယ်များ ဖြစ်နေလျှင်ပင် လုံးဝလွတ်မပေးနိုင်ချေ။ သူက ထိုမြင်းစီးဓားပြများကို သေချာစုစည်းထားပြီး လမ်းတစ်လျောက်တွင် သူ့အား ကာကွယ်ပေးမည့် လူသားအဆင့်လွန် ကျင့်ကြံသူများကို စုဆောင်းခဲ့ရသည်။

“မင်းတို့တွေ အမွေးတိုင် တစ်ဝက်အချိန် အတွင်းမှာ တျန်းဂျီတောင်နယ်နမိတ်အတွင်းက ထွက်သွားရင် သွား ... မဟုတ်ရင် မင်းတို့ကို သက်ညှာပေးနေမှာ မဟုတ်ဘူး ..” ပိုင်တျန်းယုက ဖူချန်းနှင့်အခြားလူများသည် သူတို့ကို ဘာမှမလုပ်ရဲသည်ကို အခွင့်ကောင်းယူ၍ အတော်လေး မကျေမနပ်ဖြစ်နေသည့် အသံနှင့် ပြောလိုက်လေသည်။

စန်ယီပင်း အကျပ်ရိုက်နေသည်ကို တွေ့ပြီး ဖူချန်းက ဝင်ပြောလိုက်လေသည် “ဘာလို့ တွေဝေနေတာလဲ။ အားလုံးကို သတ်ပစ်လိုက်ရအောင် ... ”

ဘေးမှ နှဲ့ကျန်းနွန်မှ မြန်မြန် ပြောလိုက်ရသည် “စီနီယာအစ်ကိုဖူ ... စီနီယာအစ်မက တွေဝေနေတာက ကျုပ်တို့ တိုက်သင့်၊ မတိုက်သင့် မဟုတ်ဘူး။ မင်ဟန်အင်ပါယာမှာ အစစ်အမှန်ရေအဆင့် ကျင့်ကြံသူ ရှိတယ်လို့ ကြားထားတယ်။ ပြီးတော့ သူတို့က အကူအညီတောင်းစရာ ဖြစ်တည်ခြင်းမဲ့ နတ်ဘုရားအဆင့် ကျင့်ကြံသူလည်း ရှိတယ်တဲ့။ အဲဒါကြောင့် ကျုပ်တို့ဖက်မှာကျ စီနီယာ တစ်ယောက်တည်း မြေကမ္ဘာအဆင့်လေ။ အဲဒါကြောင့် အခုသတ်ဖြတ်လိုက်ရင် နောက်ပိုင်းကျ ဘာဖြစ်လာမယ်ဆိုတာ ဘယ်သူသိမှာလဲ ... ”

လူသားသစ္စာ MM Translation  (201 - 300 ) (Z + U)Where stories live. Discover now