အခန်း (၂၁၃)

1.4K 141 0
                                    


အခန်း (၂၁၃) : ကောင်းကင်ပင်လယ်

ကောင်းကင် ပင်လယ်

ထိုသည်က အင်ပါယာငါးခုထဲတွင် အကြီးမားဆုံး ပင်လယ် ဖြစ်၏။ အင်ပါယာငါးခု သို့မဟုတ် ပျောက်ဆုံးနယ်မြေအတွင်းမှ ပင်လယ်များဖြစ်သည့် လောင်ပင်လယ်ကဲ့သို့ ပင်လယ်မှာ ကောင်းကင်ပင်လယ်၏ အခွဲလေး တစ်ခုသာ ဖြစ်၏။

ကျင်းလင်ပေးက မိုဝူကျီဆီ ကောင်းကင်ပင်လယ်အတွင်းမှ နေရာများကို ညွှန်ပြထားသည့် ပင်လယ်မြေပုံကို ထုတ်ပေးလိုက်သည်။

ထိုစဉ် မိုဝူကျီက ကောင်းကင်ပင်လယ်သို့ သွားဖို့ အဆင့်သင့် ဖြစ်နေလေပြီ။ မူလတွင် သူက ကျင်းလင်ပေး၏ မြေပုံမပါလျှင်ပင် မိုဝူကျီက ကောင်းကင်ပင်လယ်ဆီ ဒေါ်လေးဆယ့်တစ်နှင့် မိုရှင်းထောင်ကို ရှာဖို့ရန် သွားမည် ဖြစ်သည်။ ဤမြေပုံဖြင့် သူ့အတွက် သွားရပိုလွယ်ကူသွားပေသည်။ သို့သော်လည်း ကျင်းလင်ပေး၏ မြေပုံမှာ အပြည့်စုံဆုံး မဟုတ်ချေ။ သူမ မေ့လျော့နေသည့် အပိုင်းများ ပါဝင်နေလေ၏။

ကောင်းကင်ပင်လယ်သည် လောင်ပင်လယ်နှင့် ခြားနားလှသည်။ လောင်ပင်လယ်မှာ ရေချိုပင်လယ်ဖြစ်၏။ မိုဝူကျီသည် ကောင်းကင်ပင်လယ်သို့ မရောက်ဖူးသော်လည်း ကမ်းစပ်မှာ ရပ်နေရုံဖြင့် ငံကျိကျိ အနံ့က ရေချိုပင်လယ် မဟုတ်ကြောင်း ပြောပြနေလေသည်။

လှိုင်းလုံးများက ကမ်းစပ်ဆီ ဆက်တိုက်ဆိုသလို ရုတ်ခတ်နေကြပြီး သုံးမီတာလောက် မြင့်သည့်ရေပန်းများ ဖြစ်ပေါ်လာနေသည်။ ထို့အပြင် လေများက အားမပြင်းလှပေ။ လေသာ ကြမ်းပါက ပင်လယ်ရေစက်များနှင့် လှိုင်းလုံးများက ပို၍ အားကောင်းကြလိမ့်မည်။

မိုဝူကျီ စိတ်ထဲတွင် စိုးရိမ်ပူပန်မှုနှင့်သာ ပြည့်နေလေသည်။ သူ ပင်လယ်ထဲ သွားလိုက်သည်နှင့် သူ့စွမ်းရည်နှင့်ပင် အလွန်အန္တရာယ်များလှသည်။ ဒေါ်လေးဆယ့်တစ်နှင့် မိုရှင်းထောင်တို့က ဝင်သွားပြီ ဖြစ်ကာ သူတို့အသက်ရှင်နိုင်ခြေကား အရမ်းကို နည်းလှ၏။

တခြားသော ပင်လယ်များနှင့် ယှဉ်လျှင် မြို့ဝန်းကျင်၌ တည်ရှိသော ပင်လယ်များက နည်းနည်း ကွာခြားလှသည်။ မိုင်အနည်းငယ်အထိ လူသားအရိပ်အယောင် မရှိချေ။ ဤနေရာတွင် ဝိညာဉ်စွမ်းအားများက နည်းပါးလွန်းသည့်အတွက် ဘဝအတွက် မသင့်တော်ရုံသာမက အဆင့်တစ် ဆေးပင်များကိုပင် တွေ့ဖို့ရာ အလွန်ခက်ခဲလှသည်။

လူသားသစ္စာ MM Translation  (201 - 300 ) (Z + U)Where stories live. Discover now