chapter 270 (z)

887 92 4
                                    

လူသားသစ္စာ စာစဉ် (၂၀)
ဘာသာပြန်ဆိုသူ  .... ကြည်ဖြူ (ရိုးရာ)

အခန်း (၂၇၀) : ပညာရှင် နှလုံးသား

ငါးယောက်လုံးတွင် ကိုယ်ပိုင်ပျံသန်းရေး မှော်ရတနာများ ရှိကြသော်လည်း မိုဝူကျီက အနှေးဆုံး ဖြစ်လေသည်။

နှစ်နာရီလောက် အကြာတွင် ငါးယောက်သား အုပ်စုက ပေါင်းပင်များ ပြည့်နှက်နေသည့် နေရာသို့ ရောက်ရှိလာကြသည်။ ပေါင်းပင်များအလယ်တွင် နံရံအကျိုးများ နေရာအနှံ့ ရှိနေပြီး တချို့မှာ ရှေးဟောင်းအဆောက်အဦးအဖြစ် ကျန်ရှိနေလေသည်။

မိုဝူကျီက ဤနေရာသို့ ယခင်က ရောက်ဖူးလေသည်။ ဤနေရာသို့ ရောက်ရှိဖို့ရာ ရက်အတော်အချိန်ယူခဲ့ရသော်လည်း ယခုအခါ နှစ်နာရီမျှသာ ကြာမြင့်လေသည်။

“ ဒီနေရာမှာ ရွံစရာကောင်းတဲ့ တီကောင်တွေနဲ့ ပြည့်နေတာ။ ကျုပ်တို့ ပြန်ရောက်တဲ့အခါကျ ဒါတွေ ရှင်းပစ်ကြစို့ ...” သင်္ဘောပျံများက ပေါင်းပင်များအထက်မှ ဖြတ်ကျော်သွားသည့်အခါ မိုဝူကျီက ပြောလိုက်၏။

ဖုန်းကျန့်ချိုးက အမြန်အဆန် ဝင်ပြောလိုက်သည် “ မဖြစ်နိုင်ဘူး။ ဒီတီကောင်တွေကို သွားပြီး မနှောင့်ယှက်သင့်ဘူး။ သူတို့ကိုသွားရန်စမိရင် စစ်မှန်ခြင်း နတ်ဘုရားအဆင့် ကျင့်ကြံသူတောင် လွတ်မြောက်နိုင်မှာ မဟုတ်ဘူး ... ”

မိုဝူကျီက နားမလည် ဖြစ်သွား၍ မေးလိုက်သည် “ ကျုပ်တော့ အဲလိုမထင်ဘူး။ အရင်တစ်ခါ ဒီနေရာကို ဖြတ်တုန်းက ကျုပ် အတော်လေး သတ်ပစ်ခဲ့တာ ... ”

ထိုစဉ်က မိုဝူကျီသည် မည်သည့် အဆင့်တွင် ဖြစ်၍ ယခုတွင် မည်သည့်အဆင့် ရောက်ရှိနေပြီနည်း။ ထို့အပြင် လက်ရှိ၌ စစ်မှန်ခြင်း နတ်ဘုရားအဆင့် လေးယောက်ပါရှိနေသေးကာ သူတို့က အဘယ်ကြောင့် တီကောင်များကို ကြောက်ရွံနေသနည်း။

ဖုန်းကျန့်ချိုးက မိုဝူကျီအား ကြည့်ကာ ခေါင်းခါလိုက်သည်။ ဤလူငယ်လေးတွင် အမှန်ပင် အကြောက်တရား မရှိချေ

“ မဟာမိတ်ခေါင်းဆောင် ... အဲဒါက ခင်ဗျားအတော်လေး ကံကောင်းခဲ့လို့ပဲ။ မဟုတ်ရင် ခင်ဗျားက တီကောင်အငယ်လေးတွေ ရှိနေတဲ့ဘက်ကို ဖြတ်သွားမိတာ ဖြစ်ရမယ်။ ခင်ဗျားက ကြာကြာမနေခဲ့လို့ အရွယ်ရောက်ပြီးသားတွေ မရှိတာ နေမှာ။ အရွယ်ရောက် တီကောင်တွေ ဒေါသထွက်ရင် သူတို့က ပျံသန်းနိုင်ပြီးတော့ သူတို့မသေမချင်း ရပ်မှာ မဟုတ်တော့ဘူး။ သူတို့ကို ရန်စသွားတဲ့သူရဲ့ အသွေးအသား မကုန်မချင်း ဆက်တိုက် လိုက်နေမှာ ... ”

လူသားသစ်စာ MM Translation  (201 - 300 ) (Z + U)Where stories live. Discover now