အခန်း (၂၀၉)

1.4K 159 1
                                    


အခန်း (၂၀၉) : ငြီးငွေ့တောအုပ်အတွင်း မြေကွက်လပ်

"ဒါဆို ရှင်က ဂိုဏ်းထဲ ဝင်သွားတယ်ဆိုတဲ့ မိုဝူကျီလား ..." ဟွားရွမ်က အံ့ဩတကြီး မေးလိုက်တော့သည်။

မိုဝူကျီက ဤနေရာတွင် ဒေါ်လေဆယ့်တစ်နှင့် မိုရှင်းထောင်အကြောင်း ကြားရလိမ့်မည်ဟု ထင်မထားသဖြင့် အတော်လေး ပီတိဖြစ်သွားလေသည်။

"ဟုတ်ပါတယ် ကျုပ်က မိုဝူကျီပါ .. အခု ဒေါ်လေးဆယ့်တစ်နဲ မိုရှင်းထောင်နဲ့ တွေ့ဖို့ ခေါ်သွားပေးနိုင်မလား ..." မိုဝူကျီက ရယ်မောရင်း ပြောလိုက်တော့သည်။

မိုဝူကျီက သူတို့နှင့် လမ်းခွဲပြီးနောက်တွင် သူတို့က သိမ်မွေ့အမဲလိုက်သုံးဖော်ဟု အဖွဲ့ဖွဲ့ထားလိမ့်မည်ဟု ထင်မထားမိပေ။ ယုံကြည်စရာ မကောင်းဆုံးကိစ္စရပ်မှာ သူက ထိုအဖွဲ့ဝင်နှင့် ဆုံတွေ့ခဲ့ခြင်း ဖြစ်သည်။

သူတို့၏ တတိယအစ်မသည် မိုဝူကျီ၏ ဒေါ်လေး ဖြစ်နေကြောင်း အတည်ပြုပြီးနောက် ဟွားရွှမ်က စိတ်လှုပ်ရှားလာ၍ လက်များပင် တုန်ယင်လာလေသည်။ ဟွားရွမ်က စိတ်ကို ငြိမ်ငြိမ်ထားကာ မိုဝူကျီကို ပြန်ဖြေမည့်အစား သူမက နောက်မှ မြင်းစီးသမားကို မကာ နောက်မှ သေဆုံးသူတွေအကြား ပစ်လွတ်လိုက်တော့သည်။

မြင်းစီးသူ ခန္ဓာကိုယ်ကို ဟွားရွမ်က အလွယ်တကူ မယူနိုင်ကာ လေပေါ်တွင် ဝှေ့ယမ်းရင်း အနောက်သို့ ပစ်ချလိုက်လေသည်။

"အစ်ကိုမို .. ဒီနေရာမှာ သူက  ကျွန်မစကားတွေကို ကြားလို့ မဖြစ်တဲ့သူပေမဲ့ ဒုတိယအစ်မကို ဖမ်းထားတဲ့နေရာ သိတဲ့သူမလို့ သတ်လို့ မရသေးဘူး ... " ဟွားရွမ်က သက်ပြင်းချရင်း သူမဒေါသကို ထိန်းချုပ်လိုက်လေသည်။ သူမက မိုရှင်းထောင်ကို တတိယအစ်မဟု ခေါ်သော်လည်း မိုဝူကျီကို ဂျူနီယာအဖြစ် မဆက်ဆံရဲပေ။

"လင်းပေးက အဖမ်းခံထားရတာလား .." မိုဝူကျီက မျက်မှောင်ကျုတ်ကာ ပြောလိုက်သည်။ သူက ကျင်းလန်ပေးကို ကယ်တင်ပေးခဲ့သူ ဖြစ်ရာ သူမနှင့် မိုရှင်းထောင်မှာ ညီအစ်မရင်းနှစ်သည်းချာကဲ့သို့ ဖြစ်ကြသည်။ ကျင်းမျိုးနွယ်က မိုရှင်းထောင်ကို ကယ်တင်ခဲ့သည့်အတွက် ယခု ကျင်းလန်ပေး အဖမ်းခံရသည့်ကိစ္စကိုကြားသောအခါ အမှန်ပင် ဂရုစိုက်မိသည်။

လူသားသစ္စာ MM Translation  (201 - 300 ) (Z + U)Where stories live. Discover now