အခန်း (၂၉၇)

1.1K 155 0
                                    

လူသားသစ္စာ စာစဉ် (၂၂)
ဘာသာပြန်ဆိုသူ .... ကြည်ဖြူ (ရိုးရာ)

အခန်း (၂၉၇)  :  ဘေးကျပ်နံကျပ်

သူကိုယ်တိုင်မှလွဲ၍ ချိန်စုယင် တစ်ယောက်သာ လျှပ်တစ်ပြက် လျှပ်စီးကို အသုံးပြုနိုင်လေသည်။ ဤနေရာတွင် တစ်ယောက်ယောက် လျှပ်တစ်ပြက် လျှပ်စီးကို အသုံးပြုထားဟန် ရှိသည်။ ဆိုလိုသည်က ချိန်စုယင်သည် ဤနေရာတွင် ရှိနေပြီး လှုပ်ရှားနိုင်စွမ်း ရှိသေးကြောင်း ဖြစ်၏။ အကယ်၍ ချိန်စုယင်က ဤနေရာတွင် လျှပ်တစ်ပြက် လျှပ်စီးကို အသုံးပြုခဲ့၍ သားရဲ ရှိနေတာများလား .....

ထိုသို့သော အခြေအနေမျိုးတွင် ရှင်သန်နိုင်သည့် သားရဲများမှာ သေချာပေါက် သာမာန်သားရဲများ ဟုတ်မည် မဟုတ်ပေ။

မိုဝူကျီက တစ်နေရာလုံးကို စစ်ဆေးကြည့်ရန် စိတ်စွမ်းအား ထုတ်လွှင့်လိုက်သည်။ စက္ကန့်ပိုင်းလေးအတွင်း သူက လွန်ခဲ့သည့် နာရီအနည်းငယ်က သေနေ့သည့် မာန်ဖီလေဟုန်သားရဲကို တွေ့လိုက်ရသည်။ ထိုအရာက တောင်စောင်းအပြင်ဘက်တွင် လဲနေပြီး အဝင်ဝကို ပိတ်ဆို့ထားသလို ဖြစ်နေသည်။

မိုဝူကျီက မာန်ဖီလေဟုန်သားရဲဆီ ချည်းကပ်လာရင်း ထိုအရာမှာ အရွယ်မရောက်သေးသည့် အကောင်လေးမှန်း သိလိုက်သည်။ အရှည်အားဖြင့် ဆယ်မီတာသာ ရှိ၏။ ဆယ်မီတာသာ ရှည်သော်လည်း မာန်ဖီလေဟုန်သားရဲများ၏ စွမ်းရည်ကား ကြောက်မက်ဖွယ် ဖြစ်၏။ ပြောရလျှင် အစစ်အမှန်ရေ အစောပိုင်းအဆင့်နှင့် နှိုင်းယှဉ်၍ ရပေသည်။ မိုဝူကျီက ချိန်စုယင်သည် ယွမ်ဒန်နောက်ပိုင်းအဆင့် ဖြစ်နိုင်ကြောင်း ခန့်မှန်းမိလိုက်သည်။ ဖြစ်နိုင်တာ သူမက ဤသားရဲကို သတ်လိုက်တာများလား ....

ဆူးနစ်လေဂိတ်ကဲ့သို့ နေရာမျိုးသည် မာန်ဖီလေဟုန်သားရဲအတွက် နေစရာကောင်းတစ်ခု ဖြစ်၏။ ထိုသို့သော အစစ်အမှန်ရေ အစောပိုင်းအဆင့်တွင် ရှိနေသည့် သားရဲသည် ရှိန်စရာ ဖြစ်၏။ ချိန်စုယင်က ဤနေရာ၌ ရှိနေလျှင်ပင် သူမအတွက် ဘယ်တော့မှ အနိုင်ရနိင်မည် မဟုတ်ပေ။

မိုဝူကျီက သားရဲပေါ်မှ ဒဏ်ရာများကို လေ့လာကြည့်လိုက်သည်။ ထိုအရာများသည် လျှပ်တစ်ပြက် လျှပ်စီးနှင့် ဓားပညာရပ်များကြောင့် ရထားသည်များ ဖြစ်၏။ ထိုအရာများကြား၌ ဓားအလင်း တစ်ချက်က မာန်ဖီလေဟုန်သားရဲ၏ ဒန်တျန်းနေရာကို ထိုးစိုက်မိထားလေသည်။ သိသာလှစွာ ချိန်စုယင်၏ ဓားပညာရပ်မှာ သူ့ပျောက်ကွယ်ဓား ပညာရပ်ထက် မနိမ့်ကျလှပေ။ သူက သူမက မည်သို့သော ဓားပညာရပ်မျိုးကို အသုံးပြုသွားကြောင်း စိတ်ဝင်စားမိသွားသည်။

လူသားသစ္စာ MM Translation  (201 - 300 ) (Z + U)Where stories live. Discover now