အခန်း (245)

1.2K 161 1
                                    

လူသားသစ္စာ စာစဉ် (၁၈)
ဘာသာပြန်ဆိုသူ  ..... ကြည်ဖြူ  (ရိုးရာ)

အခန်း (၂၄၅) : အကြွေးပြန်ဆပ်ခြင်း

လတ်တလောတွင် ယုလင်း လိန်မျိုးနွယ်စုကား အတော်လေး စည်ကားနေလေ၏။ လိန်မျိုးနွယ်စုဝင်တိုင်းနီးပါးက လိန်မျိုးနွယ် ဘိုးဘေးအထိမ်းအမှတ်နေ့အတွက် ပြန်ရောက်ရှိလာကြလေသည်။

လိန်မျိုးနွယ် ဘိုးဘေးခန်းမတွင် အမွေးနံ့သာတိုင်များ ဝန်းရံနေလေသည်။ လိန်မျိုးနွယ်စုဝင် ဖြစ်နေပါက ပင်မ မိသားစုမှ ဖြစ်စေ၊ မိသားစုအခွဲလေးမှ ဖြစ်စေ အားလုံးက အမွေးတိုင် ထွန်း၍ လာရောက်ဂါရဝပြုကြရသည်။

လိန်မျိုးနွယ် ဘိုးဘေးခန်းမနှင့် ဆယ်မီတာအကွာတွင် မိုဝူကျီက ခြုံပင်တွေကြား၌ ရောင်ခြည်အမြောက်ကို တပ်ဆင်ထားလေ၏။ ထိုနေရာတွင် ခြုံပင်များ ပေါများနေသောကြောင့် မိုဝူကျီက အလယ်အလတ်အဆင့်ဟု ယူဆ၍ ရသည့် ဖုံးကွယ်အစီအရင်ကိုပါ တပ်ဆင်ထားလေသည်။ လိန်ကွမ်းက သူ့စိတ်စွမ်းအားဖြင့် စစ်ဆေးကြည့်လျှင်ပင် တစ်ခုမှ မတွေ့နိုင်ကြောင်း ယုံကြည်၏။

ထိုအကွာအဝေးကိ သေချာရွေးထားခြင်း ဖြစ်၏။ မူလအကြံစည်တွင် ရောင်ခြည်အမြောက်ကို ဘိုးဘေးခန်းမနှင့် အတော်အလှမ်းကွာသည့်နေရာတွင် ထားရန် စိတ်ကူးထားခြင်း ဖြစ်သော်လည်း လိန်မျိုးနွယ်စုတွင် ဖြစ်တည်ခြင်းမဲ့ နတ်ဘုရား ပြီးပြည့်စုံခြင်း အဆင့် ကျင့်ကြံသူရှိသည်ကို ကြား၍ အကြံအစည်ပြောင်းခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် မိုဝူကျီက ကမ္ဘာမြေမှ လာသူ ဖြစ်၍ ကလေးများနှင့် အမျိုးသမီးများကို နာကျင်အောင် မလုပ်ရက်ပေ။ အကယ်၍ အခြားသော ကျင့်ကြံသူများဆိုပါက သူတို့က ရောင်ခြည်အမြောက် တစ်ခုတည်းကို မရွေးဘဲ ကောင်းကင်အမြောက်ကို ရွေးချယ်ကြလိမ့်မည်။

ယုလင်း လိန်မျိုးနွယ်စုက နေရာအကျယ်ဝန်းများသော်လည်း မိုဝူကျီသာ ကောင်းကင်အမြောက်ဖြင့် ပစ်ခတ်လိုက်ပါက ဤနေရာတစ်ခုလုံးက ပြာအဖြစ် ရောက်ရှိသွားပြီး  ပုရွက်ဆိတ်လေးပင် အသက်ရှင်ကျန်ရစ်မည် မဟုတ်ပေ။

လူသားသစ္စာ MM Translation  (201 - 300 ) (Z + U)Where stories live. Discover now