အခန်း (၃၀၀)

1.6K 183 3
                                    

လူသားသစ္စာ စာစဉ် (၂၂)
ဘာသာပြန်ဆိုသူ ....   ကြည်ဖြူ (ရိုးရာ)

အခန်း (၃၀၀) :  လွတ်မြောက်  လေ

မိုဝူကျီက စိတ်မပျက်ပေ။ ထို့အစား သူက စိတ်သက်သာရာ ရသွားဟန် သက်ပြင်းသာ ချလိုက်သည်။ ထိုအစီအရင်အလံများက ကျရှုံးသွားကာ အဝင်ပေါက်ပင် ပိတ်သွားသော်လည်း မိုဝူကျီအတွက် ဖုံးကွယ်ရေး အစီအရင်ကို မြင်နိုင်ရန် ခွင့်ပြုပေးလေသည်။

ချိန်စုယင်က မှန်ကန်ပေသည်။ ဤနေရာတွင် အမှန်ပင် ဖုံးကွယ်ရေး အစီအရင် ရှိနေလေသည်။ မိုဝူကျီက မူလအစီအရင်အလံ ငါးခုကို အစားထိုးလိုက်သည့်အခါ ထွက်ပေါက် ပိတ်သွားရုံသာမက ဖုံးကွယ်ရေး အစီအရင်ပေါ်လာသလို လမ်းကြောင်းအသစ်လည်း ပေါ်လာလေ၏။

သူက အစီအရင်အလံများနှင့် ဆက်စပ်နေကြောင်း အပြည့်အဝ မပြောနိုင်သေးသော်လည်း သူ အသုံးပြုလိုက်သည့် အလံများမှာ ရှင်းဟွမ် လက်ရာဖြစ်သောကြောင့် အဆင့်မြင့် ဖြစ်နေသည်က ငြင်းမရပေ။

အစီအရင်တာအိုကို မသိသူများအတွက် သူတို့က ဤအခြေအနေတွင် လုံးဝကြောင်အနေမိလိမ့်မည်။ သို့သော် မိုဝူကျီက ကွာခြားလှသည်။ ဤသို့သော အခြေအနေဖြစ်နေပါက သူက လျို့ဝှက်ဝင်ပေါက်ကို ရှာတွေ့ရုံသာ လိုအပ်ကြောင်း သိ၏။

မိုဝူကျီက အစီအရင်အလံတချို့ ထုတ်ယူလိုက်ပြီး ပစ်လိုက်တော့သည်။ အစီအရင်အလံများက နေရာတကျ ဖြစ်သွားသည့်အခါ အကြားကွက်လပ်တစ်ခု ပေါ်လာလေသည်။ မိုဝူကျီက ထိုကွက်လပ်ကို ရိုက်ချလိုက်တော့သည်။

“ ဘုန်း  ...” ကျောက်တုံးများနှင့် မြေကြီးများက တုန်ခါလာကာ မိုဝူကျီနှင့် ချိန်စုယင်တို့ရှေ့၌ လမ်းကြောင်းတစ်ခု ပေါ်လာလေသည်။

ချိန်စုယင်က မိုဝူကျီ ၏ အစီအရင်တာအိုအပေါ် နားလည်မှုကို တအံ့တဩ ဖြစ်နေမိသည်။ သူမက အစီအရင်တာအိုနှင့် ထိတွေ့ဖူးသေ်ာလည်း ဤနေရာမှာ အခြားသော နေရာများနှင့် မတူပေ။ သို့သော်လည်း မိုဝူကျီက အလံတချို့ သုံးကာ လျို့ဝှက်လမ်းကြောင်းကို ပွင့်လာစေခဲ့သည်။

ထို့အပြင် မိုဝူကျီက လမ်းကြောင်းပွင့်လာဖို့ရာ ရိုက်ချက် တစ်ချက်တည်းသာ လိုအပ်လေ၏။ မိုဝူကျီ စွမ်းအားများက သူမထက် များစွာကျော်လွန်နေသည်မှာ သိသာလှရာ မိုဝူကျီ အဘယ်ကြောင့် ဤနေရာအထိ ရောက်လာနိင်သည်မှာ အံ့ဩစရာ မရှိတော့ချေ။ သူမ မသိသည်က မိုဝူကျီ ဤနေရာ ရောက်လာစဉ်က အစစ်အမှန်ရေအဆင့်ပင် မရောက်သေးကြောင်းကို ဖြစ်၏။ သူက ဆူးနစ်လေပြင်းအောက်တွင် များစွာခံစားခဲ့ရလေသည်။

လူသားသစ္စာ MM Translation  (201 - 300 ) (Z + U)Where stories live. Discover now