အခန်း (၂၉၂)

1.2K 158 0
                                    

လူသားသစ္စာ စာစဉ် (၂၂)
ဘာသာပြန်ဆိုသူ .... ကြည်ဖြူ (ရိုးရာ)

အခန်း (၂၉၂) : မြေကမ္ဘာအဆင့်ဇယားမှ ပါရမီရှင်

မိုဝူကျီက ဂိတ်တံခါးမှ ထွက်လာသည်နှင့် တွဲလောင်းချိတ်ဆွဲထားသည့် နေရာတစ်ခုအပေါ်တွင် ဆင်းသက်လိုက်သည်။ ထိုနေရာဝန်းကျင်တွင် မှိန်ဖျော့ဖျော့ မီးခိုးရောင် အာကာသ ဟင်းလင်းပြင်ကြီး ရှိနေပြီး ကျင့်ကြံသူ တချို့က သူတို့ကိုယ်ပိုင်ယာဉ်ပျံများကို ထုတ်ယူကာ ကျယ်ဝန်းလှသည့် ဟင်းလင်ပြင်ဆီ ထွက်ခွာသွားကြသည်။ အဝေးက ရောက်လာကြသော ကျင့်ကြံသူ တချို့မှာလည်း ထိုနေရာသို့ ဆင်းသက်လာကြသည်။

ပတ်ဝန်းကျင်ရှိ လေထုက မိနစ်နှင့်အမျှ ပါးလွှာလာသော်လည်း  ကံကောင်းလှစွာ လေထဲရှိ ဝိညာဉ်စွမ်းအားများဖြင့် ကျင့်ကြံသူများက အသက်ရှင်နေနိုင်ကြသည်။ သို့သော်လည်း မိုဝူကျီက အောက်ဆီဂျင် မရှိသည့်နေရာများစွာကို ကြုံတွေ့ဖူးသည့်အတွက် ဤနေရာ လေထုပါးလွှားခြင်က သူ့အတွက် အဆင်မပြေခြင်း မရှိပေ။

သူက သူ့သင်္ဘောပျံကို ကျေးဇူးတင်မိသွားသည်။ ထိုသင်္ဘောပျံ မပါရှိဘဲ သူက အာကာသထဲတွင် လမ်းလျှောက်နိုင်လျှင်ပင်  အမြန်နှုန်းနှင့် တည်နေရာကား အချိန်မရွေး ပျောက်သွားနိုင်လေသည်။

မိုဝူကျီက လုံးဝန်းသင်္ဘောပျံကို အသုံးပြုချင်သော်လည်း ထိုသင်္ဘောပျံမှာ ကျန်းမိုနယ်မြေမှ စစ်မှန်ခြင်း နတ်ဘုရားအဆင့် ကျင့်ကြံသူ၏ အပိုင်ဖြစ်ကြောင်း စဉ်းစားမိ၍ လက်လျော့လိုက်ရသည်။ သူက စစ်မှန်ခြင်း နတ်ဘုရားအဆင့် နယ်ခြားကျင့်ကြံသူဆီမှ ရထားသော သင်္ဘောပျံကို အသုံးပြုရန် ဆုံးဖြတ်လိုက်လေသည်။

ဤသင်္ဘောပျံက ချိန်စုယင်၏ ယာဉ်ပျံထက် အနည်းငယ် ပိုမြန်သော်လည်း သူ့အတွက် အကောင်းကြီး မဟုတ်သေးချေ။

မိုဝူကျီက ဤသင်္ဘောပျံကို စတင်မောင်းနှင်ရင်း ထိုတွဲလောင်းချိတ်ဆွဲထားသည့်နေရာမှ ထွက်ခွာလာလိုက်သည်။ သူက ချူချင်းလောင် ပြောသည့် ကျန်းမိုစစ်တပ် စခန်းများကို မတွေ့သော်လည်း လောက ခန်းမနှင့် ထိုမျှမကွာဝေးလှကြောင်း ခန့်မှန်းမိလေသည်။

လူသားသစ္စာ MM Translation  (201 - 300 ) (Z + U)Where stories live. Discover now