သည်းထိတ်ရင်ဖိုအထက်တန်း‌ေကျာင်း (၅)

4.7K 922 17
                                    

Unicode

ရှောင်ချန်း ကမျက်လုံးကို ဖွင့်လိုက်ပြီး ပြတင်းပေါက် အပြင်ဘက်မှ နေရောင်က သူ့အားညစ်ညူးစေသည်။ သူ့လက်တွေကို နဖူးတွင် တင်လိုက်ပြီး သူ့ခန္ဓာကိုယ် တစ်ခုလုံးက လေးလံလွန်းသည့် အလေးချိန်ကြောင့် ပျက်ဆီးနေသလို ခံစားနေရသည်။ သူ့ခါးက ကိုက်ခဲနေပြီး နောက်ကျောက နာကျင်နေသည်။ သူ့လည်ပင်းက စိုထိုင်းနေပြီး သူ့ကြွက်သားတွေက တောင့်တင်းနေသည်။

ရှောင်ချန်း ရဲ့မျက်လုံးတွေက လင်းလက်သွားရင်း သူ့ကိုယ်သူ ထ,နိုင်ဖို့ကို လုပ်လိုက်သည်။

အိပ်ရာထဲမှ ထွက်လိုက်ပြီးနောက် ရေချိုးခန်းထဲကို တန်းဝင်သွားလိုက်သည်။ သို့သော် မှန်ထဲတွင် သူ့ကိုယ်သူ ပြန်မြင်လိုက်ချိန်တွင် ထိတ်လန့်စွာဖြင့် ထ,ခုန်မိလိုက်သည်။ သူ့မျက်လုံးတွေက မကြည်မလင် ဖြစ်နေသေးပေမဲ့ အနမ်းအမှတ်တွေလို ထပ်တူကျနေသည့် နေရာတိုင်းမှ အရာတွေကို မြင်လိုက်ပြီး မယုံကြည်နိုင် ဖြစ်နေခဲ့သည်။ တစ်ချက်ကြည့်ရုံ ဖြစ်ပေမဲ့ သူခြေကုန် လက်ပန်းကျသွားခဲ့သည်။

သူ့လည်ပင်းကို ထိလိုက်ပြီး နည်းနည်းတော့ စိုးရိမ်နေသည်။

သူ့မိဘတွေက နိုင်ငံခြား ကုမ္ပဏီတွင် လုပ်နေတာကြောင့် သူတို့က နိုင်ငံခြားတွင်သာ နေကြသည်။ အိမ်ထဲတွင် တခြားဘယ်သူမှ မရှိပေ။ သူ့မိဘတွေက ပြန်မရောက်သေးတာကိုလည်း သူသေချာသိသည်။

ဒါဆို ဘယ်သူလဲ? နောက်ပြီး ဒါတွေဖြစ်ပျက်ချိန်မှာ နည်းနည်းလေး သူသတိမပြုမိခဲ့ဘူး!

အခန်းတံခါးတွေနဲ့ ပြတင်းပေါက်တွေက ပိတ်ထားပြီး ပွင့်နေသည့် အရိပ်အယောင်လည်း ရှိမနေပေ။ နောက်ပြီး ပုံမှန်မဟုတ်ပဲ ထူးခြားတာမျိုးလည်း ဘာမှရှိမနေပေ။

ခဏလေး! ဒါက မဟုတ်သေးဘူး!

ရှောင်ချန်း ကအခန်းအပြင်ကို လျှောက်ထွက်လိုက်ပြီး မုန့်ချိုအနံ့ဖျော့လေးအား ရလိုက်သည်။ သူ့မျက်လုံးတွေက ပြူးကျယ်သွားခဲ့ပြီး သူ့ဘေးမှ မတ်တပ်တံမြက်စည်းအား ကောက်ကိုင်လိုက်ပြီး ခုခံနိုင်သည့် အသွင်အပြင်ကို ပြောင်းလိုက်သည်။ နံရံနားကို တိုးသွားပြီး မီးဖိုချောင်ထဲကို ဂရုတစိုက် လျှောက်ဝင်သွားကာ မီးဖိုထဲမှ လူအား အသံပေးမိမှာကို ကြောက်လန့်နေမိသည်။

လျှို့ဝှက်ဆန်းပြားလောက〘Uni+Zaw〙Where stories live. Discover now