သည်းထိပ်ရင်ဖိုအထက်တန်းကျောင်း (၁၄)

3.7K 726 25
                                    

Unicode

ဝမ်တောင် ကသူ့လက်ကို တင်းကြပ်စွာ ဆုပ်လိုက်ပြီး သူ့ခန္ဓာကိုယ်မှ ကြွက်သားအားလုံးက ရုတ်တရက် ပေါ်လာခဲ့သည်။ လူတိုင်းက သူ့အပေါ်တွင် အာရုံစိုက်နေကြပြီး သူတို့မျက်လုံးတွေက အကူအညီတောင်းခံနေကြပြီး ကြောက်လန့်မှု၊ စိတ်ပျက်ပြားမှု၊ နာကျင်မှုတွေ ပါဝင်နေသည်။

ဝမ်တောင် ကစတင် လှုပ်ရှားလိုက်သည်။ သူက ဆာလဖျူရစ် အက်စစ်ရှေ့ထိ လျှောက်သွားခဲ့သည်။ အရည်တွေက အရောင်မဲ့နေပြီး ဖောက်ထွင်းမြင်နိုင်ကာ ဆီလိုမျိုး ဖြစ်နေသည်။ ဝမ်တောင် ကဂရုတစိုက်ဖြင့် သူ့ညာလက် လက်ညှိုးကို ထည့်လိုက်ပြီး ပုလင်းထောင့်အား ထိလိုက်သည်။ သို့သော် သူအရည်နဲ့ မထိခင်မှာပဲ ပြိုလဲသွားကာ သူ့လက်ကို ပြန်ရုတ်လိုက်သည်။ သူက သွေးအေးသည့် လူဖြစ်တာကြောင့် တခြားသူတွေအတွက် သူ့ကိုယ်သူ နာကျင်ခံရဖို့ ဆန္ဒရှိမှာလဲ? သူက အံကြိတ်လိုက်သည်။ “ငါမလုပ်နိုင်ဘူး”

“ဝူးဝူးဝူးဝူး!!”

“!!!”

နွယ်ရှင်တွေနဲ့ အချုပ်ခံထားရသည့် လူအားလုံးက စတင်ပြီး ရုန်းကန်ကြပြီး သူတို့မျက်လုံးတွေက အတော်လေးကို ဒေါသထွက်နေတာကို ပြနေကြသည်။

ငါ မသေချင်ဘူး!!

အသံလွှင့်မှုမှ ကြက်သီးထ,စရာ ကောင်းလောက်သည့် အသံဖြင့် ရယ်လိုက်သည်။ [ကြည့်ရတာ လူတိုင်းမှာလည်း သူတို့ကိုယ်ပိုင် အမြင်တွေ ရှိကြပုံပဲ!]

[ဒီလိုဖြစ်တည်းက ငါမင်းတို့အားလုံးကို တခြားအခွင့်အရေးပေးနိုင်တယ်!] သွားကြိမ်းလောက်သည့် ပွတ်တိုက်သံတွေက ထွက်လာခဲ့သည်။

တစ်ချိန်တည်းတွင် နွယ်ရှင်တွေက တဖြည်းဖြည်း ပြေလျော့သွားကြပြီး ဖမ်းထားကြသည့် လူတွေအား လျော့ပေးလိုက်သည်။

[မင်းတို့အားလုံး သူ့လက်ကို ဆာလဖျူရစ်အက်စစ်ထဲ ထည့်နိုင်သ၍ ဒီတစ်ကြိမ်က အနိုင်လို့ သတ်မှတ်နိုင်တယ်!] ဝမ်တောင် ရဲ့မျက်လုံးက ပြူးကျယ်သွားခဲ့ပြီး သူ့နှလုံးက ခုန်ထွက်လာခဲ့သည်။ သူပြေးဖို့ စီစဉ်လိုက်ပေမဲ့ သူ တစ်လှမ်းတောင် မလှမ်းနိုင်ခင်မှာပဲ ကောင်လေး တစ်ယောက်က ရှေ့ထွက်လာပြီး သူ့ဘယ်လက်အား ဆွဲလိုက်သည်။ သူက ကြောက်လန့်စရာ ကောင်းနေသည်။ အဲ့ကောင်လေးက သူ့ညီအစ်ကိုထဲတွင် တကယ့်ကို အနာခံဆုံး သူပဲ!

လျှို့ဝှက်ဆန်းပြားလောက〘Uni+Zaw〙Where stories live. Discover now