အန္တရာယ်ကြားမှ ထွက်ပြေးခြင်း (၁၀)

332 61 1
                                    


“ငါ နည်းလမ်းရှာတွေ့ပြီ!” ကျိုးခဲယု ကကွန်ပျူတာရှေ့တွင် တစ်ညလုံး ထိုင်နေခဲ့တာကြောင့် သူ့မျက်လုံးတွေက နီရဲနေသည်။ သူ့ဆံပင်တွေက ရှုပ်ပွနေပြီး သူ့ပုံစံက အတော်လေးကို ကြည့်မကောင်းလှပေ။

သူ့လက်နှစ်ဖက်က ကွန်ပျူတာကီးဘုတ်အား အချိန်အ‌တော်ကြာ ရိုက်ထားတာကြောင့် လက်ပြန်ဆန့်ဖို့တောင် ခက်ခဲနေသည်။

သူ ထိုစကားကို ပြောလိုက်ချိန်တွင် သူ့အမူအရာက အရူးလိုမျိုး ဖြစ်နေပြီး သူ့နှုတ်ခမ်းထောင့်ကတောင် ကွေးတက်နေကာ သူ့မျက်လုံးထဲတွင်လဲ အလင်းရောင်တွေ ရှိနေသည်။

“ဘာနည်းလမ်းလဲ?”

“တကယ်လား?”

ခဏအကြာတွင် စိတ်ဓာတ်ကျနေသည့် အုပ်စုက ချက်ချင်းပင် တက်ကြွလာကြပြီး သူ့တို့ပါးစပ်အားဖွင့်ကာ မေးလာကြသည်။

ပျံသန်းနေသည့် ပျားပုတုန်းလိုမျိုး သူတို့က အလျင်အမြန်ပင် ပြေးသွားကြကာ တစ်ယောက်နဲ့ တစ်ယောက် ကြည့်လိုက်သည်။

ကျိုးခဲယု ကသူ့ခံစားချက်တွေအား ထိန်းချုပ်နိုင်ဖို့ အသက်ရှူသွင်းလိုက်သည်။ သူက ပြောလိုက်သည်။ “ငါ အတားအဆီးကို ဖြတ်ပြီးတော့ နိုင်ငံခြားမှာလဲ ဘမ်ရှန်း ကစားကြလို့ လူပေါင်းများစွာ သေကြတာကို မြင်ခဲ့တယ်”

ထိုစကားကို ပြောပြီးနောက် သူက ခဏရပ်လိုက်ပြီး ဆက်ပြောလိုက်သည်။ “... နောက်ပြီး သူတို့ သေဆုံးကြတဲ့ အခြေခံအကျဆုံး အရာကတော့ သူတို့ ဘမ်ရှန်း နဲ့ကစားပြီးတော့ ဘမ်ရှန်း ကိုပြန်ပို့ပေးဖို့ မေ့ခဲ့ကြလို့ပဲ။ ဒါကြောင့် သူတို့က ဘမ်ရှန်း ဆီမှာ စားသောက်ခံရတာပဲ”

ထိုစကားကို ပြောလိုက်ပြီး ကျိုးခဲယု ရဲ့ကိုယ်တွင်းမှ ကိုယ့်ဘာသာ အပြစ်တင်မှုက ပိုမြင့်မားလာခဲ့ပြီး မျက်မှောင်ကြုတ်လိုက်သည်။

သူက ဘမ်ရှန်း နဲ့ကစားဖို့ ပထမဆုံး အကြံပေးခဲ့တာ ဖြစ်သည်။ တခြားသူတွေက ဘမ်ရှန်း ရဲ့နောက်ကြောင်းကို ဘာမှမသိကြပဲ သူ့အကြံပေးချက်ကြောင့်သာ ကစားခဲ့ကြသည်။ သူက ဘမ်ရှန်း ကိုလေးလေးစားစားနဲ့ ပြန်ပို့ပေးမဲ့ နည်းလမ်းအား ယွမ်တချန် ကိုပြောဖို့မေးသွားခဲ့သည်။ နောက်ပြီး ဘမ်ရှန်း ကိုပြန်ပို့ပြီးတာ မသေချာခင်အထိ ဘောပင်ကို လက်ကမချသင့်ပေ။

လျှို့ဝှက်ဆန်းပြားလောက〘Uni+Zaw〙Where stories live. Discover now