တစ္ဆေမျက်လုံး (၆)

767 159 5
                                    

Unicode

“တွေ့ပြီလား?” ဘုရင်ခုံတွင် ထိုင်နေသည့် အနီရောင်ဝတ်နဲ့လူက သူ့အသံကြောင့် ကြမ်းပြင်တွင် ဒူးထောက်ထိုင်ကာ တုန်နေကြသည့် သူလျှိုတွေအား အေးစက်စွာ ကြည့်နေခဲ့သည်။

သူလျှိုခေါင်းဆောင်က သွားစေ့လိုက်ပြီး ဒူးထောက်လျက် ရှေ့တိုးလိုက်ကာ သူ့သေခြင်းအား လက်ခံလိုက်သည်။ “အရှင်မင်းကြီး၊ ဒီအချိန်အတွင်း ကျွန်တော်တို့ မတွေ့ခဲ့သေးပါဘူး”

ရှောင်ချန်း ကသူ့ရှေ့မှ မြင်ကွင်းအား စိတ်ရှုပ်ထွေးစွာဖြင့် ကြည့်လိုက်ပြီး သူ့မျက်လုံးတွေက ရှုပ်ထွေးစွာဖြင့် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်သည်။

‘သူက ဂျင်းဟေးကျီ မဟုတ်ဘူးလား?’

ထိုင်ခုံပေါ်တွင် ထိုင်နေသည့်လူအား ရှင်းရှင်းလင်းလင်း မြင်လိုက်ပြီးနောက် ပျော်ရွှင်စွာဖြင့် ရှေ့ကိုလျှောက်သွားလိုက်သည်။

သို့သော် ခြေနှစ်လှမ်း လှမ်းပြီးနောက် တစ်ခုခုက လွဲနေတာကို သူနားလည်လိုက်သည်။

သူ့ရှေ့မှ ဂျင်းဟေးကျီ ကသူမှတ်မိနေသည့် ဂျင်းဟေးကျီ နဲ့တူပုံမရပေ။ သူ့ဂျင်းဟေးကျီ ကစိုးထိတ်မှုတွေ၊ အကြောက်တရားတွေကို စွန့်ပစ်ထားပြီး သူ့မျက်လုံးထဲတွင် ချစ်ခြင်းတရာတွေ၊ ကြင်နာမှုတွေနဲ့ သူ့မျက်နှာထက်တွင် အပြုံးလေးက အမြဲတမ်းရှိနေသည်။

သို့သော် ဒီဂျင်းဟေးကျီ က...

သေချာပေါက်ကို တစ်ခုခုက မှန်မနေပေ။

သူ့တစ်ကိုယ်လုံးက သူစိမ်းတွေအား အဝေးကို လွှင့်ထွက်သွားနိုင်လောက်သည်အထိ အေးစက်သည့်အဆင့်ကို ထုတ်လွှတ်နေပြီး သူ့မျက်လုံး အကြည့်တွေကလဲ တစ်ယောက်ယောက်ကို သတ်ပစ်ဖို့ အဆင်သင့်ဖြစ်နေသလိုမျိုး ဖြစ်နေတာကြောင့် သူ့အရိုးထဲထိ မငြိမ်မသက်မှုတွေနဲ့ အေးစက်မှုကို ဖုံးကွယ်မထားပေ။

ရှောင်ချန်း ကတခြား ဂျင်းဟေးကျီ ကိုကြည့်နေသလိုမျိုး ခံစားနေရသည်။

သို့သော် တစ်ချိန်တည်းတွင် ရှောင်ချန်း ကသူ့ရှေ့မှ ဂျင်းဟေးကျီ ကသူသိခဲ့ဖူးသည့် ဂျင်းဟေးကျီ လိုမျိုး ခံစားနေရတုန်းပင်။

လျှို့ဝှက်ဆန်းပြားလောက〘Uni+Zaw〙Όπου ζουν οι ιστορίες. Ανακάλυψε τώρα