သေမင်းတမန် (၁၀)

2.4K 536 12
                                    

Unicode

နွေလယ်ညတွင် ဝမ်ရှင်း ကတွန့်သွားခဲ့သည်။ အေးစက်တာကို ခံစားလိုက်ရပြီး သူမက အနက်ရောင် မျက်နှာအုပ်အား နှာခေါင်းနဲ့ ပါးစပ်အထိ အုပ်လိုက်ပြီး တစ်ကိုယ်လုံးက အနက်ရောင်ကို ဝတ်ထားခဲ့သည်။

ညဘက်တွင် ပျံသန်းနေသည့် အင်းဆက်တွေ အများအပြားက အချိန်တိုင်း ပေါ်လာနေပြီး သူတို့အုပ်စုက ရုတ်တရက် သူမရှေ့တွင် ပေါ်လာကာ သူမမျက်လုံးကိုတောင် ထိမိသွားခဲ့သည်။

လျန်ဂျင်း ကထိုးစိုက်နေခဲ့သည်။ သူ့တစ်ကိုယ်လုံးက အေးစက်နေပုံပေါ်သည်။ သူ့ဘေးတွင် စိုက်ကြည့်နေသည့် ဝမ်ရှင်း ကတော့ ‘ဒီလူက ဘာကြောင့် အရမ်းထူးဆန်းနေရတာလဲ?’ဆိုသည့် ပုံစံမျိုး ဖြစ်နေသည်။

မြေပြင်တွင် ကြီးမားသည့် အမှိုက်အိတ်နှစ်လုံးက ရှိနေသည်။ အိတ်အဝတွင် ကြိုးချည်ထားပြီး အပြည့်အဝ ပိတ်ထားချိန်တွင် အသားအနံ့ကို ရနေပြီး အထူးသဖြင့် ဒီလိုရာသီကြောင့် အသားတွေက ပုတ်နေပုံရသည်။ မကျေနပ်စရာကောင်းသည့် အနံ့က အစားရှာနေကြသည့် ပုရွတ်စိတ်ကိုတောင် ဆွဲဆောင်ခဲ့သည်။

အိတ်နှစ်အိတ်က တင်းကြပ်စွာ ချည်နှောင်ထားပြီး အတွင်းမှ တချို့ကထွက်နေကာ တိရစ္ဆာန်အူနဲ့ တူနေသည်။

ဝမ်ရှင်း ကအန်ထုတ်မိမလို ဖြစ်သွားပေမဲ့ ဖိနှိပ်လိုက်သည်။ အလျင်အမြန်တောင် မပြုမူနိုင်ပဲ သူမ တည်ရှိမှုအား ကျုံ့နိုင်သလောက် ကျုံ့ထားဖို့သာ ဆန္ဒရှိနေခဲ့သည်။

လမ်းတစ်လျှောက် ဆွဲလာပြီးနောက် လျန်ဂျင်း ကသူ့ဘေးမှ တုန်နေသည့် ဝမ်ရှင်း အားအေးစက်စွာ ကြည့်လိုက်ပြီး သူ့အကြည့်ကို ရုတ်လိုက်သည်။ သူမက လှုပ်ရှားရှား မရှားရှား သူဂရုမစိုက်ပေ။ ဒီကိစ္စမှာ သူမ ပါဝင်နေသ၍ သူတို့ကံကြမ္မာက ချည်နှောင်ပြီးသား ဖြစ်လိမ့်မည်။ ဘယ်သူကမှ ပိုမကောင်းနိုင်ပေ!

ဝမ်ရှင်း ရဲ့ဦးနှောက်တွင် အတွေးတွေနဲ့ ပြည့်နေခဲ့သည်။ လျန်ဂျင်း ကတစ်ယောက်ယောက်ကို တကယ် သတ်ချိန်တွင် သူမတွင် အကြံမရှိတာကြောင့် သူ့အား တစ်ယောက်တည်းသာ လုပ်ခွင့်ပြုခဲ့သည်။ ဒီမသိနိုင်သည့် ခံစားချက်က သူမအား ထိတ်လန့်စေသည်။

လျှို့ဝှက်ဆန်းပြားလောက〘Uni+Zaw〙Where stories live. Discover now