သေမင်းတမန် (၆)

2.7K 585 17
                                    

Unicode

ဝမ်ရှင်း ကခူမန်သုန် အားသူမအိပ်ခန်းမှ ဘောင်ပေါ်တွင် ချထားလိုက်သည်။ ဆက်သစရာပစ္စည်းကို တွေးမိသွားပြီး ရေခဲသေတ္တာဘက်ကို လှည့်လိုက်ကာ အရင်က ဝယ်ခဲ့သည့် အမဲသားအပိုင်းအား ထုတ်ယူလိုက်သည်။ သူမက ဂရုမစိုက်ပဲ ရေနွေးငွေ့ပေးလိုက်ပြီး သူမပြီးသွားချိန်တွင် ပန်းကန်လုံးထဲကို ထည့်လိုက်သည်။ ထို့နောက်တွင် ပန်းကန်လုံးအား ခူမန်သုန် ရှေ့တွင် ချလိုက်သည်။

ဝမ်ရှင်း ကခူမန်သုန် ရဲ့မျက်နှာကို ကြည့်လိုက်ပြီး သူမရင်ဘတ်က တင်းကြပ်လာခဲ့သည်။ သူမ မထိန်းချုပ်နိုင်ပဲ မျက်မှောင်ကြုတ်လိုက်ပြီး စိတ်မသက်သာသလို ခံစားနေရသည်။

အရမ်းကြီးမားသည့် အခန်းကို လှည့်ပတ်ကြည့်လိုက်ချိန်တွင် လီဟိုက်ပေါင် နဲ့ ရန်မိုင်လီ ကိုအမှတ်ရသွားခဲ့သည်။ ရုတ်တရက် တစ်ခုခုကို တွေးမိသွားပြီး ထိတ်လန့်သွားခဲ့သည်။ သူမအိပ်ရာပေါ်မှ ဖုန်းကိုယူလိုက်ပြီး လျန်ဂျင်း ဆီကို ဖုန်းခေါ်လိုက်သည်။ ခဏအကြာ သူမအင်္ကျီကို လဲလိုက်ပြီး အပြင်ထွက်ကာ သူနဲ့တွေ့ဖို့ လုပ်လိုက်သည်။

သူမ တံခါးရှေ့ရောက်ချိန်တွင် တစ်ခုခုကို ရုတ်ချင်း သတိရသွားခဲ့သည်။ ထပ်ပြီးတော့ ဝမ်ရှင်း ကသူမအိပ်ခန်းထဲကို ပြန်ဝင်လိုက်ပြီး ခူမန်သုန် အားယူလိုက်ကာ သူမအိပ်ကဒ်ထဲကို ထည့်လိုက်သည်။

အပြင်တွင်

ဒါက အရမ်းကို နောက်ကျနေတာကြောင့် လမ်းပေါ်တွင် လူအများကြီး မရှိတော့ပေ။ ဆိုင်ငယ်လေး အနည်းငယ်လောက်သာ ဖွင့်တော့သည်။ လမ်းမီးရောင်က ဖျော့တော့စွာ ထွန်းလင်းနေပေမဲ့ ပတ်ဝန်းကျင်မှ အမှောင်ထုအား ရှင်းလင်းစွာ မြင်နိုင်သည်အထိတော့ မဟုတ်ပေ။

ဝမ်ရှင်း ကခြေလှမ်းတိုင်းကို သတိရှိစွာဖြင့် လှမ်းနေခဲ့သည်။ သူမမျက်လုံးတွေက ဘယ်ညာကို လိုက်ကြည့်နေပြီး တချို့မတော်တဆနဲ့ ကြုံတွေရမှာကို ကြောက်လန့်နေခဲ့သည်။

သူမက သတိလက်လွတ် လမ်းရဲ့ထောင့်စွန်းဘက်ကို လျှောက်သွားလိုက်သည်။ ထိုနေရာတွင် မုန့်ကားအနည်းငယ် ရှိသော်လည်း သူမက ကြောက်နေတုန်းပင်။

လျှို့ဝှက်ဆန်းပြားလောက〘Uni+Zaw〙Where stories live. Discover now