လူသားစားမြို့(၁၅)

1.6K 360 1
                                    

Unicode

ရှောင်ချန်း ရဲ့ပါးစပ်က အနည်းငယ် ဟ,သွားပြီး ဟွမ်ခဲ ရဲ့နောက်ကျောအား ထိတ်လန့်စွာ ကြည့်လိုက်သည်။ ဟွမ်ခဲ ကသမန်းဝံပုလွေရဲ့ ခန္ဓာကိုယ်နားကို လျှောက်သွားလိုက်ပြီး သေလား၊ မသေလားဆိုတာကို စစ်ဆေးလိုက်သည်။ သူ့ရှေ့ဆံပင်က မျက်နှာတစ်ဝက်ကို အုပ်နေခဲ့ပြီး သူ့အမူအရာကို မြင်နိုင်ဖို့တောင် ခက်ခဲနေသည်။

ဟွမ်ခဲ ကသူ့လက်ကိုဆန့်လိုက်ပြီး သမန်းဝံပုလွေရဲ့နှလုံးမှ ဓားကိုဆွဲထုတ်လိုက်ပြီးနောက် သွေးတွေအား သမန်းဝံပုလွေရဲ့အမွှေးနဲ့ သုတ်လိုက်ပြီး ဘာမှမဖြစ်ခဲ့သလိုမျိုး ထ,ရပ်လိုက်သည်။

ဟွမ်ခဲ ကသူ့ခေါင်းကို လှည့်လိုက်ပြီး သူ့အကြည့်က ရှောင်ချန်း ပေါ်တွင်ရှိနေခဲ့သည်။ အစက သူ့ဂရုမစိုက်သည့် အမူအရာက ပြန်ရောက်လာခဲ့ပြီး ပြုံးလိုက်သလိုမျိုး သူ့နှုတ်ခမ်းက ကွေးသွားခဲ့သည်။

ရှောင်ချန်း ရဲ့မျက်ခုံးတွေက ပြေလျော့သွားပြီး နံရံပေါ်ရှိ သူ့လက်တွေက လျောကျသွားခဲ့သည်။ သူက ဟွမ်ခဲ အားစိုက်ကြည့်နေပြီး တွန့်ဆုတ်နေခဲ့သည်။ ဟွမ်ခဲ ပေါ်ရှိ ထိုထူးဆန်းသည့် အမူအရာက သူ့အတွက် ရင်းနှီးနေသလိုဖြစ်နေကာ သူ့နှုတ်ခမ်းက ကွေးနေပုံနဲ့ သူ့ကြွက်သားတွေရဲ့ ပြောင်းလဲမှုတွေတောင် သူနဲ့ရင်းနှီးနေသလို ခံစားနေရသည်။

ထိုအကြောင်းကို တွေးလိုက်ရင်း သူ့အမူအရာက ပြောင်းလဲသွားကာ အတွေးတစ်ခုက ရှောင်ချန်း ရဲ့နှလုံးသားထဲမှ ထွက်လာခဲ့သည်။

သို့သော် ရှောင်ချန်း ကစစ်ဆေးလို့မပြီးခင် တံခါးအပြင်ဘက်မှ ဝံပုလွေအူသံက ပိုပိုကျယ်လောင်လာခဲ့သည်။ သမန်းဝံပုလွေပုံရိပ်က တစ်ခုပြီးတစ်ခု တံခါးဝတွင် ပေါ်လာခဲ့ပေမဲ့ သူတို့က တစ်ခုခုကို ကြောက်လန့်နေပုံရကာ အထဲကို မဝင်ရဲပေ။

ရှောင်ချန်း ရဲ့မျက်ခုံးတွေက လှုပ်ရှားသွားပြီး လန့်သွားခဲ့သည်။

ဟွမ်ခဲ ရဲ့မျက်လုံးက ကျဉ်းမြောင်းသွားပြီး တစ်လှမ်းတည်းနဲ့ ရှောင်ချန်း ဆီရောက်လာကာ သူ့လက်မောင်းထဲ ပွေ့ဖက်ထားလိုက်တာက ရှောင်ချန်း အားလန့်သွားစေသည်။

လျှို့ဝှက်ဆန်းပြားလောက〘Uni+Zaw〙Où les histoires vivent. Découvrez maintenant