လူသားစားမြို့(၁)

3.2K 514 9
                                    

Unicode

“သူပြန်လာပြီလား?”

“မလာသေးဘူး”

“သူ ပြန်မလာသေးဘူးလား?”

“အင်း၊ သူပြန်လာပြီ”

တောင်ပေါ်လမ်းက အနည်းငယ် ကြမ်းတမ်းသည်။ လမ်းပေါ်တွင် ကျောက်တုံးတွေ၊ ရွှံ့နွံတွေနဲ့ ရေတွေရောနေသည့် ကြီးမားသည့်တွင်း၊ ချိုင့်တွေလည်း ရှိနေပြီး သုံးဘီးစီးဖို့အတွက် အတော်လေးကို ခက်ခဲသည်။

ရှောင်ချန်း ကပါးစပ်နဲ့ နှာခေါင်းထိတောင် အုပ်ထားသည့် ကော်လာလည်ထောင် ဆွယ်တာကို ဝတ်ထားပြီး ကာကီရောင် ဂျက်အင်္ကျီနဲ့ လိုက်ဖက်ညီနေသည်။ သူက သုံးဘီးပေါ်တွင် ထိုင်နေပြီး သူ့လက်ထဲတွင် ဒူးလောက်မြင့်သည့် ခရီးဆောင်အိတ်ကို သယ်ထားခဲ့သည်။

“လူငယ်လေး၊ လမ်းက ဘယ်လောက်တောင် ဆိုးရွားလဲဆိုတာ ကြည့်လိုက်၊ ဈေးနှုန်းကိုပြော...” ဆိုင်ကယ်ပေါ်တွင် ထိုင်နေသည့်လူက ပြောလိုက်ပြီး သူ့မျက်လုံးတွေက ရှေ့ကိုသာ ကြည့်နေခဲ့ပေမဲ့ မထိန်းချုပ်နိုင်ပဲ အနောက်ကို အကြိမ်အနည်းငယ် ပြန်ကြည့်လိုက်သည်။

ရှောင်ချန်း ကခေါင်းမော့လိုက်သည်။ “ခင်ဗျားက ရှေ့ကိုမောင်းပို့ရုံပဲ။ ဈေးနှုန်းကတော့ ညှိနှိုင်းမယ်” သူ့အသံက အေးစက်နေပြီး ကြည်လင်နေကာ သူ့စိတ်ကလည်း နည်းနည်း ကောင်းမနေပေ။

ထိုလူက ထောက်ခံမှုကိုရသွားပြီး စကားပြောနေတာကို ရပ်လိုက်ပေမဲ့ သူ့စိတ်ထဲတွင်တော့ ဆက်လျက် ရေရွတ်နေခဲ့သည်။

ဒီလိုလူသူကင်းမဲ့သည့် မြို့စွန်ရှိ တောင်လမ်းတွေက သွားလာဖို့ အရမ်းကို ခက်ခဲသည်။ ဘယ်လိုလူက နေဝင်ချိန်မှာ ရောက်လာပြီး စွန့်ပစ်ခံရလုနီးဖြစ်တဲ့ မြို့ကို သွားကြမှာလဲ?

အာ၊ မေ့လိုက်တော့၊ သူနဲ့ ဘာပတ်သက်လို့လဲ? သူက ငွေရဖို့ ဂရုစိုက်ရုံပဲ။

ရှောင်ချန်း ကအေးစက်နေသည့် အမူအရာဖြင့် ပတ်ဝန်းကျင်အား ကြည့်လိုက်သည်။ သေချာကြည့်ရင် သူ့မျက်လုံးထဲက မနှစ်မြို့မှုကို မြင်ရလိမ့်မည်။

သူတက်နိုင်ရင် တစ်ဘဝလုံး‌ေ‌တာင် ပြန်လာမှာ မဟုတ်ဘူး!

ရှောင်ချန်း ရဲ့လက်တွေက လက်သီးဆုပ်လိုက်သည်။ သူ့လက်ခုံက ဖျားနေသလိုမျိုး ဖြူဖွေးနေကာ သွေးကြောတွေက ပေါ်လာခဲ့သည်။

လျှို့ဝှက်ဆန်းပြားလောက〘Uni+Zaw〙Where stories live. Discover now