လူသတ်ဂိမ်း (၁၀)

1K 193 12
                                    

Unicode

ရှောင်ချန်း ကတအီအီဖြင့် ညီးနေသည့် ကောင်လေးဘေးတွင် ထိုင်လိုက်ပြီး ဘာမှမပြောပေ။

သူ ရှင်းမပြနိုင်သည့် တစ်စုံတစ်ခုအား ခံစားနေရသည်။ ဒါက တစ်ခုခုရဲ့ အလယ်တွင် ရောက်နေတာကြောင့် ကြောက်လန့်မှုကြောင့် သူထွက်ပြေးချင်နေပြီး ညဘက်တွင် တစ်စုံတစ်ခုက ထွက်လာပြီး သူ့အား အန္တရာယ်ပြုလာနိုင်တယ်လို့ သူတွေးနေမိသည်။ သို့သော် သူ့နှလုံးသားက ကောင်လေးရဲ့ အညိုရောင် မျက်လုံးတွေကြောင့် နာကျင်နေခဲ့သည်။

ဒါက...

ကောင်လေး ရဲ့ခန္ဓာကိုယ်က နာကျင်နေသလိုမျိုး မဟုတ်ပဲ သူ့ကိုယ်က နာကျင်နေသလိုမျိုးပင်။

အညိုရောင်မျက်လုံးနဲ့ ကောင်လေးက သူ့ခေါင်းကို စောင်းလိုက်ပြီး ရှောင်ချန်း ရဲ့မေးရိုးအား ရှင်းလင်းစွာ မြင်လိုက်ရသည်။ ကလေးရဲ့မျက်နှာက အရမ်းကို လန်းဆန်းနေတာမျိုး မဟုတ်ပဲ အဟာရချို့တဲ့နေတာနဲ့ တူနေသည်။

သူ့အကြည့်ကို ရုတ်လိုက်ပြီး ကောင်းကင်ကိုသာ ဆက်စိုက်ကြည့်လိုက်သည်။

ဒီညက ကြောက်စရာကောင်းလောက်အောင် မဲမှောင်နေသည်။ အသေးဆုံးကြယ်တောင် မပြောနဲ့ လကိုတောင် မမြင်နိုင်ပေ။ အမှောင်ထဲတွင် ဘာကိုမှ မမြင်နိုင်ပေ။

လေကလဲ သိပ်သည်းနေပြီး အသက်ရှူဖို့တောင် ခက်ခဲနေသည်။

နောက်ပြီး သူ့ခန္ဓာကိုယ် အစိတ်အပိုင်းတိုင်းက ကားနဲ့အကြိတ်ခံထားရသလိုမျိုး ဖြစ်နေသည်။ သူ့အရိုးတွေက ကျိုးနေပြီး နာတယ်၊ နာတယ်...

သူ မလှုပ်နိုင်ပေ။

သူသေတော့မှာလား?

ဒါဆို သူ့ခန္ဓာကိုယ်က အရသာရှိနေသင့်သည်။

သူ့အသိစိတ်တွေ လုံးဝပျောက်ဆုံးမသွားခင် ဝံပုလွေ တစ်ကောင်က သူ့ခြေထောက်တစ်ဖက်ကို ဆွဲသွားပြီးနောက် သူ့ညစာအတွက် ပျော်ရွှင်စွာစားနိုင်ဖို့ တစ်နေရာတွင် ဖွက်ထားခဲ့သည်။ သူ့ကြီးမားသည့် အူအစိတ်အပိုင်း၊ သွေးတွေနဲ့ သူ့လတ်ဆတ်သည့် အသွေးအသားတွေကို ကိုက်စားပြီး သူ့ကလေးတွေနဲ့ မျှဝေစားဖို့ သယ်သွားတာကို သူဝိုးတဝါးမြင်နေရသည်။

လျှို့ဝှက်ဆန်းပြားလောက〘Uni+Zaw〙Where stories live. Discover now