လူသတ်ဂိမ်း (၁)

1.7K 249 16
                                    

Unicode

“ဒေါက်, ဒေါက်” တံခါးခေါက်သံက ထွက်လာခဲ့သည်။

“တစ်ယောက်ယောက်? တစ်ယောက်ယောက်ရှိလား?” အမျိုးသမီး တစ်ယောက်ရဲ့အသံက ထွက်လာခဲ့သည်။

ရှောင်ချန်း ကတွန့်သွားရင်း သူ့မျက်လုံးကိုဖွင့်ကာ ရှုပ်ထွေးသည့် အမူအရာဖြင့် ထ,ထိုင်လိုက်သည်။

ထိုအချိန်တွင် သူ မရင်းနှီးသည့် အခန်းထဲတွင် လှဲလျောင်းနေခဲ့သည်။ အခန်းက အနောက်တိုင်း အလယ်ခေတ်စတိုင်မျိုး အလှဆင်ထားခဲ့သည်။ အခန်းက မီးအိမ်လေးတောင် မရှိပဲ အိပ်ယာဘေးတွင် ဖယောင်းတိုင် အနည်းငယ်သာရှိနေပြီး မီးအလင်းရောင်ကလည်း မှိန်ပြနေသည်။

ဒါဘယ်နေရာလဲ?

ရှောင်ချန်း ကထိတ်လန့်မှုအား ဖုံးကွယ်နိုင်ဖို့ သူ့ရင်ဘတ်ကို ဆုတ်လိုက်သည်။

အရမ်းမှောင်တယ်။

သူက ဘောလုံးလေးလို ကွေးလိုက်ပြီး သူ့ခန္ဓာကိုယ်အား စောင်နဲ့အုပ်လိုက်ကာ သူ့ခေါင်းကို ဖွက်လိုက်ပြီး မျက်ရည်တွေက ကျလာခဲ့သည်။

“တစ်ယောက်ယောက်ရှိလား?” အမျိုးသမီးအသံက ထပ်ထွက်လာခဲ့သည်။

ရှောင်ချန်း ရဲ့မျက်လုံးက အရောင်တောက်သွားပြီး စောင်ထဲမှ သူ့ခေါင်းကို ထုတ်လိုက်ကာ ချက်ချင်း ထ,ထိုင်လိုက်သည်။ အိပ်ရာကနေ မထွက်နိုင်ခင် ထပ်ပြီးမျက်မှောင်ကြုတ်လိုက်သည်။ သူ့အမူအရာက အရမ်းကို ရှုပ်ထွေးနေသည်။

ဒီမှာ ဘာလို့ဖိနပ်တွေ မရှိတာလဲ?

သူ့ဖြူဖွေးသည့် ခြေထောက်တွေက ကြမ်းပြင်ကို ထိသွားခဲ့သည်။ သူက အရမ်းကိုပိန်ပါးကာ ဖယောင်းတိုင်မီးကြောင့် သူ့ပုံစံက ကြွေထည်ရုပ်လေးလို ဖြစ်နေသည်။

ရှောင်ချန်း ကသူ့ခန္ဓာကိုယ်နဲ့ မလိုက်ဖက်သည့် အဝတ်အစားမျိုးကို ဝတ်ထားခဲ့သည်။ ဒါက စားစရာပုံပါ ညဝတ်အင်္ကျီဖြစ်ပြီး လူကြီးအဝတ်ကို ခိုးဝတ်ထားသည့် ကလေးလိုဖြစ်နေခဲ့သည်။

သူက အိပ်ရာဘေးမှ ဖယောင်းတိုင်ကို ကောက်ယူလိုက်ပြီး သတိထားကာ တံခါးဆီ လျှောက်သွားခဲ့သည်။

လျှို့ဝှက်ဆန်းပြားလောက〘Uni+Zaw〙Where stories live. Discover now