နတ်ဆိုးနဲ့လဲလှယ်ခြင်း(၅)

1.4K 309 2
                                    

Unicode

ရှောင်ချန်း ကခေါင်းမော့လိုက်ပြီး ဘာမှမပြောပဲ တည်ငြိမ်သည့် အမူအရာဖြင့် သူမနဲ့ မျက်လုံးချင်းဆုံလိုက်သည်။

အမျိုးသမီးက ရန်မူနေတာမျိုးမရှိပဲ သူမ ပြုံးလိုက်ချိန်တွင် ရင်းနှီးကျွမ်းဝင်တာမျိုးကို ပေးစွမ်းနိုင်သည်။ သို့သော် နောက်စက္ကန့်တွင် သူမမျက်လုံးတွေက စူးရှသွားပြီး ရုတ်ချင်းပင် တင်းမာသွားကာ သူမက ရှောင်ချန်း ရဲ့မျက်လုံးကို စိုက်ကြည့်လိုက်သည်။

ဘယ်သူမှ စကားမပြောကြပေ။

ဖျော့တော့သည့် မီးရောင်အောက်တွင် သူတို့အမူအရာတွက လျှို့ဝှက်မှုလေးနဲ့ ဖတ်မရပေ။

နောက်ဆုံးတော့ အမျိုးသမီးက ထူးဆန်းနေသည့် တိတ်ဆိတ်မှုအား အရင်ဆုံး ချိုးဖျက်လိုက်ပြီး တွေးတောကာ ရှောင်ချန်း ကိုပြောလိုက်သည်။ “ကျောင်းသား ရှောင်ချန်း၊ အဲ့နေ့က ယောင်ပြီးလမ်းထ,မလျှောက်တာ သေချာလား?”

ရှောင်ချန်း ကထိုစကားကြောင့် သူ့မျက်လုံးတွေကို ကျဉ်းမြောင်းလိုက်သည်။ မှန်တွေက သူ့အမူအရာကို တားဆီးထားတာကြောင့် သူ့မျက်နှာမှ ပြောင်းလဲမှု အများကြီးကို အမျိုးသမီးက မမြင်ရပေ။ သူ့အသံက အေးဆေးနေသည်။ “ဘာကြောင့် ကျွန်တော့်ကို သံသယဝင်နေတာလဲ?”

သူက ရပ်လိုက်ပြီး တခုခုကို တွေးလိုက်ကာ အေးဆေးစွာဖြင့် စစ်ဆေးလိုက်သည်။ “ရဲအရာရှိအနေနဲ့ အပြစ်တစ်ခုကို စစ်ဆေးနေချိန်မှာ တရားဝင်အမြင်ကနေ စစ်ဆေးရမယ်ဆိုတာ သိထားသင့်တယ်၊ အခြေခံ လေးချက်က တစ်ချိန်တည်း တွေ့ဆုံနိုင်တယ်၊ အကြောင်းအရာ၊ အရာဝတ္ထုပစ္စည်းတွေ၊ ဘက်မလိုက်တာ၊ လက္ခဏာသွင်ပြင်နဲ့ အကြောင်းအရာ လက္ခဏာအသွင်အပြင်”

ရှောင်ချန်း ရဲ့အမူအရာက မပြောင်းလဲပေ။ သူ့အသံက ပေါ့ပါးနေပြီး လက်ရှိအခြေအနေအား တည်ငြိမ်သည့် မျက်နှာထားဖြင့် ရင်ဆိုင်နေခဲ့သည်။ “တရားခံက အသိမရှိချိန်မှာ အိပ်နေချိန် လမ်းလျှောက်တာမျိုး ရှိနေမယ်။ အကြောင်းအရာ အခြေအနေမျိုး ရှိမနေတာကြောင့် အန္တရာယ်ပြုနိုင်တဲ့ အပြုအမူတွေကို ကျူးလွန်မှာ မဟုတ်ဘူး”

လျှို့ဝှက်ဆန်းပြားလောက〘Uni+Zaw〙Where stories live. Discover now