နတ်ဆိုးနဲ့လဲလှယ်ခြင်း(၈)

1.3K 298 1
                                    

Unicode

“ဟေး၊ လော့ရှောင်ရှောင် ကအဆောင်အခန်းထဲမှာပဲ ပုန်းနေပြီး တခြားသူတွေနဲ့ အပြင်ထွက်မတွေ့ရဲဘူးတဲ့” ဒီအရွယ်မိန်းကလေးတွေက အတင်းပြောရတာကို အရမ်းသဘောကျကြသည်။

“ဟဟ၊ ဘယ်သူသိမလဲ” တခြားမိန်းကလေးက ဝင်ပြောလိုက်သည်။ “သူမက အခန်းထဲမှ ပုန်းပြီးငိုနေတာ ဖြစ်မှာပေါ့”

“ဒါနဲ့ အဲ့ပို့စ်ကို ဘယ်သူရေးတယ်လို့ထင်လဲ?” မိန်းကလေးက သူမအသံကို သိသိသာသာ တိုးပစ်လိုက်သည်။

သူတို့က ခဏလောက် ရပ်သွားကြပြီးနောက် လေထုကတော့ လုံးဝရပ်တန့်နေသလိုပင်။

နောက်ဆုံးတော့ တခြားတစ်ယောက်က သတိထားကာ တီးတိုးပြောလိုက်သည်။ “အဲ့လူက ဂျန်လင်း ဖြစ်ရမယ်”

လော့ရှောင်ရှောင် ကခေါင်းအုန်းထဲတွင် သူမခေါင်းကို ဖွက်ထားခဲ့သည်။ သူမခန္ဓာကိုယ်က တုန်ရီနေပြီး သူမမျက်နှာက အရောင်အသွေးတွေက ပျံ့လွင့်နေပြီး သူမအသက်ရှူနှုန်းတောင် နှေးကွေးနေသည်။ ကြိုးပျက်သွားသည့် ရုပ်သေးရုပ်လိုမျိုး လော့ရှောင်ရှောင် တွင်အသက်လေးသာ ကျန်နေတော့သည်။

သူမက တံတွေးမြိုချလိုက်ပြီး တံခါးအပြင်မှ စကားသံတွေကို ကြားလိုက်ချိန်တွင် သူမခေါင်းကို ခေါင်းအုန်းထဲ ပိုနှစ်လိုက်သည်။

သူမဘေးရှိဖုန်းက ဗိုင်းရပ်ဝင်သလိုမျိုး အဆက်မပြတ် မြည်လာခဲ့ပြီး တစ်စုံတစ်ယောက်က သူမအား စာတွေ ပို့နေခဲ့သည်။

အေးစက်သည့်မျက်နှာဖြင့် ကျိုးမင် ကဘာမှမပြောပဲ မိန်းကလေးအဆောင်ထဲ တိုက်ရိုက်ဝင်သွားခဲ့သည်။ တံခါးဝတွင် စောင့်ကြပ်ရသည့် အဆောင်ရှင် အဒေါ်ကြီးက သူ့အား တားလိုက်ရသည်။ “အမ်၊ အမ်၊ အမ်၊ ကောင်လေး၊ ဒါက မိန်းကလေးအဆောင်လေ။ ယောင်္ကျားလေးတွေကို ဝင်ခွင့်မပြုထားဘူး”

ကျိုးမင် ကသူမကို တစ်ချက်ကြည့်လိုက်ပြီး စကားတစ်လုံးမှမပြောပဲ အလျင်စလို လျှောက်ဝင်လိုက်သည်။ အဆောင်ရှင် အဒေါ်ကြီးက သူ့အား အမြန်ဆွဲလိုက်တာတောင် တစ်ဖက်လူရဲ့ အဝတ်ကိုတောင် မဆွဲနိုင်လိုက်ပေ။

လျှို့ဝှက်ဆန်းပြားလောက〘Uni+Zaw〙Where stories live. Discover now