သေမင်းတမန် (၁)

5K 745 16
                                    

Unicode

“အား!” ဗိုက်ပူနေသည့် အမျိုးသမီးက သူမခြေထောက်တွေကို ခွဲထားခဲ့သည်။ သူမဆံပင်တွေက ချွေးတွေကြောင့် ရွှဲစိုနေရင်း မျက်လုံးတွေကို မှိတ်ထားပြီး ကျောကော့ကာ အော်ဟစ်နေခဲ့သည်။ သူမမျက်နှာက အမူအရာတွေက မချိမဆန့်ဝေဒနာကြောင့် ကြောက်စရာကောင်းနေသည်။

“မြန်မြန်၊ မြန်မြန်လုပ်! ကိုယ်ဝန်ဆောင် အမျိုးသမီးက သွေးအများကြီး ဆုံးရှုံးထားတယ်!!!” သူမဘေးတွင် အစိမ်းရောင် ဆာဂျင်ဝတ်ရုံတွေ ဝတ်ထားကြသည့် ဆရာဝန်တွေက ထိတ်လန့်နေကြရင်း ဆူညံနေကြသည်။

အမျိုးသမီးရဲ့ မျက်လုံးထောင့်မှ မျက်ရည်တွေက အဆက်မပြတ် ကျဆင်းနေပြီး သူမအောက်ပိုင်းမှ နာကျင်မှုတွေက အရိုးကျိုးသွားသလိုမျိုး ခံစားနေရသည်။

သို့သော် ခွဲခန်းစားပွဲဘေးတွင် ခံစားချက်မဲ့စွာ ရပ်နေသည့် အနက်ရောင် ဝတ်ရုံနဲ့ အမျိုးသား တစ်ယောက် ရှိနေတာကိုတော့ ဘယ်သူမှ သတိမပြုမိကြပေ။ သူ့မေးသာ ထုတ်ပြနေပြီး သူ့မျက်နှာ တစ်ခုလုံးက လုံးဝကို ဖုံးအုပ်နေသည်။ သူ့မျက်ဝန်းအစုံက ဦးထုပ်အောက်တွင် ဖုံးကွယ်နေပြီး မယုံကြည်နိုင်ဖွယ် ထူးဆန်းသည့် လေထုအား ပေးစွမ်းနေသည်။ သူ့လည်ပင်း ပတ်လည်တွင် တံစဉ်နဲ့ဆင်တူသည့် တံဆိပ်ပြားနဲ့ ဆွဲကြိုးက ရှိနေသည်။ ဒါက သစ်သားနဲ့ လုပ်ထားသလိုမျိုး သူက လုံးဝကို တည်ငြိမ်နေသည်။

ဘယ်သူကမှ သူ့အား အပြစ်တင်တာမျိုး၊ ထွက်သွားဖို့ စေခိုင်းတာမျိုး၊ သူ့အား စကားပြောတာမျိုးတောင် ရှိမနေပေ။

လူအားလုံးက သူ့ကို မမြင်ရတာနဲ့ တူနေသည်။

....

သူက တဖြည်းဖြည်းနဲ့ လက်ကို မြှောက်လိုက်ပြီး ပတ်လည်တွင် အနက်ရောင် မြူခိုးတွေက သိပ်သည်းလာခဲ့သည်။

“ဒေါက်တာ! ကျွန်မ မလုပ်နိုင်တော့ဘူး! ကလေးလေးကိုသာ ကယ်ပေးပါ! ရှင်တို့ကို ကျွန်မ တောင်းဆိုပါတယ်!! ဒါက သေဆုံးသွားတဲ့ ကျွန်မယောင်္ကျားရဲ့ တစ်ဦးတည်းသော ကလေးပါပဲ!” အမျိုးသမီးက အမောတကောဖြင့် လေးလံစွာ စကားတွေကို ပြောလိုက်သည်။ သူမအသံက အားနည်းနေပြီး ဒီစကားတွေကို ပြောနိုင်ဖို့အတွက် သူမ အင်အားတွေ အားလုံးကို အသုံးပြုလိုက်ရတာနဲ့ တူနေသည်။

လျှို့ဝှက်ဆန်းပြားလောက〘Uni+Zaw〙Where stories live. Discover now