သည်းထိပ်ရင်ဖိုအထက်တန်းကျောင်း (၁၁)

3.8K 761 25
                                    

Unicode

“ငါ့ကိုလွှတ်! ငါ့ကိုလွှတ်ပေး! ကယ်ကြပါဦး!!”

ကျုံပင် ကကောင်လေးအား ဖမ်းလိုက်ပြီး သူက ရုန်းကန်နေပေမဲ့ သူ့လည်ပင်းကို အကိုက်ခံလိုက်ရချိန်တွင် သူ့အားတွေက ဘာမှဖြစ်မလာတော့ပေ။ သူ့တစ်ကိုယ်လုံးက ထုံကျင်သွားခဲ့သည်။

ကျုံပင် ကစတင်ပြီး ရူးသွပ်လာချိန်တွင် လူတိုင်းက စာကြည့်တိုက်ရဲ့ တံခါးဆီကို ပြေးသွားလိုက်ပြီး လက်နဲ့ကုတ်လိုက်ကြသည်။ သို့သော် တံခါးက သူတို့ဝင်လာတုန်းက ဖွင့်ထားခဲ့တာ သေချာပေမဲ့ အခုတော့ သော့ခတ်ထားကာ ထူးဆန်းသည့် အပင်တွေနဲ့တောင် ပြတင်းပေါက်တွေကို ကာထားခဲ့သည်။ သူတို့က ဘာလိုပဲဖြစ်ဖြစ် ဆွဲဖယ်လို့ မရနိုင်ပေ။

သူတို့အားလုံးက စာကြည့်တိုက်တွင် ထောက်ချောက်မိနေခဲ့ကြသည်။

“အားး!!”

ကျုံပင် ကသူမခေါင်းကို ခါလိုက်ပြီး ဒီမြင်ကွင်းအား အေးစက်စွာ ကြည့်နေခဲ့သည်။ အမှောင်ထဲတွင် သူမအနီရောင် မျက်လုံးတွေက တောက်ပနေပုံပေါ်နေသည်။ သူမနှာခေါင်းက ပွလာခဲ့ပြီး တစ်ခုခုက ဆွဲဆောင်လိုက်ပုံပေါ်သည်။ ထို့နောက် သူမက တစ်လှမ်းချင်းဖြင့် ဝမ်တောင် ဆီလျှောက်သွားခဲ့သည်။

ဝမ်တောင် ကတံတွေးတွေကို မြိုချလိုက်ပြီး သူ့ဘေးဘက်ရှိ စာကြည့်တိုက်မှ ထိုင်ခုံအား ကိုင်ထားပြီး ကျုံပင် ရဲ့ခေါင်းအား အကြိမ်ကြိမ် ရိုက်ချလိုက်သည်။

“ဂျွတ်” ထူးဆန်းပြီး ကျယ်လောင်သံကြီး ရှိနေပြီး နောက်ထပ် အရိုးကျိုးသံ ထွက်ပေါ်လာပြီးနောက် ကျုံပင် ကလဲပြိုကျသွားခဲ့သည်။ ကျောင်းသားတွေက စိတ်သက်သာစွာ သက်ပြင်းမချနိုင်ခင်မှာပဲ သူမက ချက်ချင်းပင် ပြန်ထ,လာခဲ့သည်။ အလောင်းကောင်လို သူမက ယို့ယွင်းနေသည့် ပုံစံဖြင့် မတည်မငြိမ် ဖြစ်နေသည်။ သူမလည်ချောင်းမှ ဂလူးဂလူးအသံက ထွက်နေခဲ့သည်။

ထိုအချိန်တွင် ကျုံပင် ရဲ့ဗိုက်က ရာဘာဘောလုံးလို ကြီးလာခဲ့သည်။ ဒါက ရိုးရှင်းစွာ ဖောင်းလာခဲ့ပြီး ကိုယ်ဝန်ငါးလ ရှိနေသည့် အမျိုးသမီးလို ဖြစ်နေသည်။

လျှို့ဝှက်ဆန်းပြားလောက〘Uni+Zaw〙Where stories live. Discover now