တစ္ဆေမျက်လုံး (၄)

816 135 4
                                    

Unicode

“ချန်းလုလု၊ လီဂျင်းဂျွန် ကသေသွားပြီ၊ နင့်ရဲ့အမုန်းတရားတွေလဲ အဆုံးသတ်လိုက်ပါတော့။ ငါ့ကိုသွားခွင့်ပြုပါ။ အရင်က ငါငယ်ရွယ်ပြီး နားမလည်ခဲ့လို့ သူ မင်းကို နာကျင်စေခဲ့တာကို မမြင်ဟန်ဆောင်ဖို့ သူ့ကို ကတိပေးခဲ့ရတယ်။ ငါတောင်းပန်ပါတယ်၊ ငါ့ကို သွားခွင့်ပြုပါ”

မာရန်ယု ကထိုစကားအား မြေပြင်တွင် ဒူးထောက်ထိုင်ကာ စာရွက်တွေ မီးရှို့ရင်း ပြောနေခဲ့တာဖြစ်သည်။ သူ့မျက်လုံးအောက်တွင်လည်း အနက်ရောင် အဝိုင်းတွေကရှိနေပြီး သူ့ခန္ဓာကိုယ်က တုန်ရီနေသည်။

ညဘက်က အတော်လေးကို ကြောက်မက်ဖွယ်ကောင်းလောက်အောင် အေးစက်နေသည်။ ဒါက နွေရာသီဖြစ်နေပေမဲ့ အတော်လေးကို ကြက်သီးထ,စရာကောင်းနေပြီး လေပြင်းကလဲ တိုက်ခတ်နေခဲ့သည်။

မြေပြင်တွင် ဒူးထောက်နေသည့် မာရန်ယု ရဲ့ခြေထောက်တွေက အရင်ကထက်တောင် ပိုတုန်လာခဲ့သည်။ သူ့မျက်နှာက မှုန်မှိုင်းနေပြီး သူ့နားထင်တွင် ချွေးစေးတွေက စီးကျနေခဲ့သည်။

ဝှစ်! အသံက ထွက်လာခဲ့သည်။

မာရန်ယု ကဆတ်ခနဲ လှည့်လိုက်ပြီး သူ့အနောက်ကို ကြည့်လိုက်သည်။

အဖြူရောင် အရိုးလို သေဆုံးနေသည့် သစ်ပင်က သိပ်မဝေးသည့် နေရာတွင် ရှိနေသည်။ ထိုနားတွင် အဆောက်အဦးတွေ၊ ပန်းပွင့်တွေနဲ့ အပင်တွေက ရှိမနေပဲ အလင်းရောင်ကလဲ လုံးဝရှိမနေပေ။ အဝေးမှ လူတစ်ယောက် မတ်တပ်ရပ်နေတာနဲ့ တူနေသည်။

မာရန်ယု ကထ,ရပ်လိုက်ပြီး သူ့ခြေထောက်တွေက ပိုတုန်ရီလာခဲ့သည်။

ညအချိန်က လူသေအလောင်းမှ သွေးတွေစီးဆင်းနေသလိုမျိုး အရမ်းကို ပိန်းပေါက်အောင် မဲမှောင်နေခဲ့သည်။

မာယန်ယု ကကြောက်လန့်နေခဲ့သည်။ သူက ချက်ချင်းပင် ဖုန်းကိုကိုင်လိုက်ပြီး မီးဖွင့်လိုက်ကာ သူ့ထိတ်လန့်နေမှုအား လျော့ပါးသွားပြီး ထွက်သွားဖို့ ရည်ရွယ်လိုက်သည်။ ခြေလှမ်းလိုက်ချိန်တွင် ခြေလှမ်းတွေက တုန်ရီနေပြီး လဲကျတော့မလိုတောင် ဖြစ်နေခဲ့သည်။

လျှို့ဝှက်ဆန်းပြားလောက〘Uni+Zaw〙Where stories live. Discover now