လူသားစားမြို့(၂)

2.3K 483 14
                                    

Unicode

ရှောင်ချန်း ကသူ့မျက်လုံးတွေအား မူးဝေစွာဖြင့် ဖွင့်လိုက်ပြီး သူ့ခန္ဓာကိုယ်က အားနည်းနေခဲ့သည်။

“ရှင်နိုးပြီလား?” မိန်းကလေးက အံ့အားသင့်စွာဖြင့် အော်လိုက်သည်။ သူမက ခုံပေါ်မှ ထ,လိုက်ပြီး သူမမျက်လုံးတွေက ပျော်ရွှင်မှုတွေကို ထုတ်ပြနေခဲ့သည်။

ရှောင်ချန်း ကသူမအား တိတ်ဆိတ်စွာသာ ကြည့်နေခဲ့ပြီး စောင်အပြင်ကို တဖြည်းဖြည်း ထွက်လိုက်သည်။ မနှစ်မြို့စွာဖြင့် သူ့လက်တွေကို စောင်အပြင် ထုတ်လိုက်ပြီး မထိန်းချုပ်နိုင်ပဲ မျက်မှောင်ကြုတ်လိုက်သည်။

ဒီအခန်းက ဟောင်းနွမ်းစုတ်ပြတ်နေပြီး စောင်ကလည်း ချုပ်သီထားပြီး အခန်းရှိ အလင်းရောင်ကလည်း မှိန်ပျသည့် ဖယောင်းတိုင် အလင်းရောင်သာ ရှိသည်။

မိန်းကလေးက သူ့ရဲ့သေးငယ်သည့် လှုပ်ရှားမှုတွေကို သတိမပြုမိပဲ သူမခေါင်းအား ငုံ့လိုက်ပြီး ပြောလိုက်သည်။ “ဒါ.. ကျွန်မနာမည်က ဂျင်းဟောင် ပါ” သူမက ရှောင်ချန်း ကိုကြည့်လိုက်ပြီးနောက် အလျင်အမြန်ပင် ထပ်ငုံ့လိုက်ပြီး “အစက မှောင်တည်းက ကျွန်မတို့က တောင်အောက်ကို ဆင်းထားဖို့ လုပ်ခဲ့ပေမဲ့ မြူတွေက ထပ်ဆိုင်းလာတော့ ကျွန်မတို့ လမ်းကိုမသိတော့တာနဲ့ ပြန်လာခဲ့ကြတာ! ကျွန်မတို့ ပြန်ရောက်ချိန်မှာ ရှင်က ဒီနေရာမှာ လှဲနေတာကို မြင်လိုက်ရတာ”

မိန်းကလေးက ကြောက်စရာကောင်းသည့် တချို့ပုံရိပ်တွေကို ပြန်မြင်ယောင်နေပုံပေါ်သည်။ သူမမျက်နှာက အနည်းငယ် ဖျော့တော့နေပြီး အသံကလည်း တိုးလျနေကာ သူမပုံစံက အတွေးတွေနဲ့ လွဲချော်နေပုံရသည်။ “နောက်ပြီး ဒီမှာက အခန်းနည်းနည်းပဲ ရှိတာနဲ့ ကျွန်မနဲ့အခန်းထဲမှာ ရှင်ပဲရှိနေတော့တာ”

ရှောင်ချန်း ကဘာမှမပြောပေ။

“အ!” မိန်းကလေးက သူမလည်ပင်းပေါ် တစ်ခုခု ကျလာတာကို ရုတ်တရက် ခံစားလိုက်ရသည်။ သူမက ထိလိုက်ပြီး ထိုနေရာက ထုံနေတာကို ခံစားလိုက်ရသည်။ သူမမျက်လုံးတွေက ပြူးကျယ်သွားပြီး ထိတ်လန့်စွာ အော်လိုက်သည်။

လျှို့ဝှက်ဆန်းပြားလောက〘Uni+Zaw〙Where stories live. Discover now