နတ်ဆိုးနဲ့လဲလှယ်ခြင်း(၄)

1.5K 309 1
                                    

Unicode

ရှောင်ချန်း ကဆွံအ,နေပြီး သူ့မျက်လုံးတွေက နည်းနည်းပျောက်ဆုံးနေသည်။ ထို့နောက် အတွေးတွေ ပျောက်ဆုံးနေသလိုမျိုး သူ့လက်ကို တဖြည်းဖြည်း ဆန့်ထုတ်လိုက်ပြီး သစ်ပင်ရဲ့ သစ်ခေါက်အား ညင်သာစွာထိလိုက်သည်။ သူ့လှုပ်ရှားမှုတွေက အရမ်းကိုပေါ့ပါးနေပြီး သူ့ချစ်သူအား ဂရုတစိုက်ထိတွေ့နေသလိုမျိုး နူးညံ့နေတယ်လို့တောင် ပြောနိုင်သည်။ သူ့မျက်လုံးတွင်လည်း မခန့်မှန်းနိုင်သည့် ခံစားချက်တွေ ရှိနေသည်။

သူ့စိတ်ထဲ တစ်ခုခုက ဝင်ရောက်လာရင်း ရပ်လိုက်ကာ မျက်မှောင်ကြုတ်လိုက်သည်။

သူ့လက်ဖဝါးက သစ်ခေါက်ကို ထိလိုက်သည်နှင့် သစ်ပင်မှ တခုခုက ပြောင်းလဲသွားတာကို သူခံစားမိနေသည်။

လေပြည်လေးတောင် တိုက်ခတ်လာခဲ့ပြီး သစ်ရွက်တွေက လှုပ်ရှားသွားကာ မြေပြင်နဲ့ သူ့မျက်နှာထက်ကိုတောင် ကြွေကျလာခဲ့သည်။

သူ့မျက်နှာအား တစ်စုံတစ်ယောက်က နူးညံ့စွာထိတွေ့နေတာနဲ့ တူနေသည်။ သစ်ရွက်ရဲ့ အထိအတွေ့လို့ မခံစားရပဲ စိတ်ဝိဉာဉ်ရှိသည့် အရာတစ်ခုရဲ့ အထိအတွေ့လို့သာ ခံစားရစေသည်။

ထိုအကြောင်းကို တွေးလိုက်ပြီး ရှောင်ချန်း ကထိုင်ချလိုက်ကာ သူ့လက်ထဲတွင် မြေကြီးတွေကို လက်တစ်ဆုပ်စာ ကိုင်လိုက်ပြီး ထပ်လောင်းချလိုက်သည်။ သူ့ခေါင်းကိုမော့လိုက်ပြီး သစ်ပင်ထိပ်ကို ကြည့်လိုက်ကာ တစ်ခုခုက နှောက်ယှက်နေသည်။ တစ်ခုခုကို သူသတိထားမိလား၊ မထားမိဘူးလားဆိုတာ မသိလိုက်ပေမဲ့ သူ့မျက်လုံးတွေက သတိလက်လွတ် အောက်စိုက်သွားပြီးနောက် သူ့အကြည့်က သစ်ပင်ဘေးမှ ပန်းပွင့်အိပ်ရာပေါ် ရောက်သွားခဲ့သည်။

သူ့မျက်လုံးကို ကျဉ်းမြောင်းလိုက်ပြီး ထ,ရပ်လိုက်ကာ အနောက်ဆုတ်လိုက်ပြီး သူ့ရှေ့မှမြင်ကွင်းအား လေးနက်သည့်အကြည့်ဖြင့် စစ်ဆေးနေခဲ့သည်။

ထိုရှုထောင့်မှသစ်ပင်၊ ပန်းအိပ်ရာနဲ့ အဝေးမှ ကျောင်းအဆောက်အဦးနောက်တွင် ရှိနေသည့် အန်တနာတိုင်....
အရမ်းကိုရင်းနှီးတယ်။

လျှို့ဝှက်ဆန်းပြားလောက〘Uni+Zaw〙Where stories live. Discover now