လူသားစားမြို့(၈)

1.8K 394 3
                                    

Unicode

“ငါတစ်မြို့လုံး လျှောက်သွားတော့ ထူးဆန်းတစ်ချက်ကို တွေ့ခဲ့တယ်။ အိမ်တိုင်းမှာ အများဆုံး လူအိုကြီး တစ်ယောက်ပဲရှိတယ်” ဟူဘင်း ရဲ့မျက်လုံးတွေက ကျဉ်းမြောင်းသွားပြီး သူ့အမူအရာကလည်း လေးလံနေသည်။

ဂျင်းဟောင် ကခေါင်းညိတ်လိုက်ပြီး နည်းနည်း ပြင်းထန်နေပုံရသည်။ “ဟုတ်တယ်၊ ပိုထူးဆန်းတာက ဒီရွာမှာ မိန်းကလေး တစ်ယောက်တောင် မရှိဘူး!!!” ထိုစကားကို ပြောလိုက်ပြီး သူမက တွန့်သွားရင်း လက်ရှိတွင် တစ်ဖွဲ့လုံးမှာ သူမက တစ်ဦးတည်းသော မိန်းကလေးပင်။ နောက်ဆုံးတစ်ယောက် မိန်းကလေးဖြစ်တဲ့ ကျန်းရှောင်ရှန်း ကလည်းသေသွားခဲ့ပြီ!

ဒီအချက်ကြောင့် သူမက အရမ်းကို အန္တရာယ်များတဲ့ အခြေအနေမှာ ရှိနေတာပဲ!

မာဟန် ကခေါင်းညိတ်လိုက်ပြီး စိုးထိတ်စွာ ပြောလိုက်သည်။ “ငါတို့လိုက်ကြည့်တုန်းက ငါလည်း ထူးဆန်းတာကို တွေ့ခဲ့တယ်။ လူတွေရဲ့အိမ်တွေမှာ အထူးသဖြင့် သေးငယ်ပြီးကျေးလက်တောနယ်မှာ အိမ်တိုင်းရဲ့ ဧည့်ခန်းမှာ သေဆုံးသွားတဲ့ဆွေမျိုးရဲ့ပုံတွေကို ကပ်ထားတတ်တယ်! ဒါပေမဲ့ ဒီမှာတော့ တစ်အိမ်လေးမှာတောင် ငါမတွေ့ခဲ့ရဘူး! နောက်ပြီး ဘာအုတ်ဂူမှ ရှိမနေတာကိုလည်း ငါသတိပြုမိခဲ့တယ်! ဒါဆို သေသွားတဲ့လူတွေကို ဘယ်နေရာမှာ မြေမြှုတ်ကြလဲ?”

မာချန်းဂုံ ကအစကနေ အဆုံးထိ တိတ်ဆိတ်နေခဲ့ပြီး သူတို့ဆွေးနွေးမှုတွင် ဝင်ပါခြင်းမရှိပဲ စိတ်မချမ်းမြေ့သည့် ပုံတောင်ပေါ်နေသည်။

ဟွမ်ခဲ ကဖြူဖျော့သည့်မျက်နှာထားဖြင့် အရှေ့တံခါးကို သွားလိုက်ပြီး ချွေးအေးတွေက ဆက်တိုက်ထွက်နေပြီး သူ့လက်တွေက တုန်နေခဲ့သည်။ သူ့ခြေထောက်တွေက အားနည်းနေပြီး စက္ကန့်ပိုင်းအတွက် လဲကျတော့မလို ဖြစ်နေသည်။

ဟူဘင်း ကမျက်မှောင်ကြုတ်လိုက်ပြီး သူ့လဲကျခြင်းအား လှမ်းဆွဲလိုက်သည်။

“ဘာဖြစ်လို့လဲ?” ဂျင်းဟောင် က ဟွမ်ခဲ ရဲ့အသွင်အပြင်ကြောင့် ထိတ်လန့်သွားပြီး အလျင်စလို မေးလိုက်သည်။

လျှို့ဝှက်ဆန်းပြားလောက〘Uni+Zaw〙Where stories live. Discover now