အန္တရာယ်ကြားမှ ထွက်ပြေးခြင်း (၆)

388 63 2
                                    

Unicode

“ဟေ့၊ ဟေ့၊ မင်းကြားပြီးပြီလား? ငါတို့အတန်းက ငကြောင်လေ သေပြီတဲ့!”

“ဘာ?! မဖြစ်နိုင်တာ! မဟုတ်တာတွေ လျှောက်ပြောမနေနဲ့”

“ဟမ်? သေပြီ? ဘယ်လိုလုပ်ပြီး သေသွားတာလဲ?”

“ခန္ဓာကိုယ်ကို ကျောင်းလမ်းမပေါ်မှာ တွေ့ခဲ့တာလို့ ကြားတာပဲ။ သူက ကိတ်သွားဝယ်ရင်း လမ်းပေါ်မှာ အိမ်ခြေမဲ့တွေနဲ့ တိုက်ခိုက်ပြီး သေတဲ့အထိ အရိုက်ခံလိုက်ရတယ်လို့ ပြောတာပဲ!”

“ဘုရားရေ၊ အရမ်းကြောက်ဖို့ကောင်းတာပဲ!”

“ကိတ်လေးကြောင့်လား? အရမ်းဆိုးတာပဲ! ဒါက ကိတ်လေးတစ်ခုပဲ မဟုတ်ဘူးလား?”

ရှောင်ချန်း ကသူ့‌ဘေးရှိ လူတွေရဲ့ အသံတွေကို ကြားလိုက်ချိန်တွင် သူ့ခေါင်းမှ အူသံတွေ ထွက်လာခဲ့သည်။ သူ့ညာလက်က ရင်ဘတ်ကို ဆုပ်ကိုင်ထားရင်း သူ့ဘယ်လက်ကတော့ သူ့ခန္ဓာကိုယ်ကို ထိန်းညှိနိုင်ဖို့ စားပွဲခုံအား တင်းကြပ်စွာ ကိုင်ထားခဲ့သည်။

သူ့မျက်စိရှေ့တွင် ကြယ်တွေနဲ့ ပတ်ဝန်းကျင်ရှိ အရာအားလုံးက မစစ်မှန်သလိုမျိုး ဖြစ်နေခဲ့သည်။ သူ့ခန္ဓာကိုယ်က ဆန်ကောထဲတွင် အခါခံနေရသည့် စပါးခွံလိုမျိုး တုန်ရီလာခဲ့သည်။

သူ့ဘေးဘက်တွင် အမြန်အမြန်ပြောနေသည့် တစ်ယောက်က သူတစ်ခုခု ဖြစ်နေတာကို သတိပြုမိသွားပြီး ထိတ်လန့်စွာဖြင့် လှမ်းကြည့်လာခဲ့သည်။

ရှောင်ချန်း ကမှီချလိုက်ပြီး စတင်ပျို့တက်လာခဲ့သည်။ သူ့ဝမ်းဗိုက်က ပုံမှန်မဟုတ်ပဲ တင်းကြပ်လာပေမဲ့ ဘာမှအန်ထုတ်ခြင်း မရှိပဲ သူ့ပုံစံကို အချိန်အတော်ကြာ ထိန်းထားခဲ့သည်။ သူ့လည်ပင်းမှ အက်စစ်တွေကိုသာ အန်ထုတ်နိုင်ပေမဲ့ သူ မအန်နိုင်ခဲ့ပေ။

လူတိုင်းက သူ့အား ပုံမှန်လိုမျိုး အာရုံစိုက်ကြရတာကို မကြိုက်ကြသော်လည်း သူတို့က ကလေးတွေဖြစ်ကာ စိတ်ကလဲ လူကြီးတွေလို မရှုပ်ထွေးသေးပေ။ သူတို့က ရှောင်ချန်း ရဲ့ပုံစံကို မြင်လိုက်ရပြီး တစ်စုံတစ်ယောက်က ဆရာ့အား သွားပြေးခေါ်ခဲ့သည်။

လျှို့ဝှက်ဆန်းပြားလောက〘Uni+Zaw〙Donde viven las historias. Descúbrelo ahora